သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင် စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် တပ်မိသားစုဝင်များ အာရက္ခတပ်တော်ထံ လက်နက်ချအညံ့ခံ

ဘူးသီးတောင် စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် တပ်မိသားစုဝင်များ အာရက္ခတပ်တော််ထံလက်နက်ချအညံ့ခံသည့် ရုပ်သံမှတ်တမ်းအား ယနေ့ မေလ ၆ရက်နေ့တွင် အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ကာလအတန်ကြာဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသော ဘူးသီးတောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၁၅) တပ်မဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အပြတ်အသတ်ရှုံးနိမ့်ကာ လုံးဝမလွတ်မြောက်နိုင်သည့် အခြေအနေ၌ ဘူးသီးတောင် စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ၎င်းတို့၏ တပ်မိသားစုဝင်များ ၂၀၂၄ ခုနှစ်၊ မေလ (၄) ရက်နေ့၌ လက်နက်ချအလင်းဝင်ခဲ့ပြီး အသက်ချမ်းသာရာ ရခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ဘူးသီးတောင် စကခ (၁၅) တပ်မဌာနချုပ်မှလက်နက်ချအလင်းဝင်ခဲ့သည့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် အရေအတွက်အား ဖော်ပြထားသည်ကို မတွေ့ရပေ။

ပြီးခဲ့သည့် မေလ ၄ရက်နေ့တွင် ဘူးသီးတောင်မြို့အခြေစိုက် ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ(၅၆၅)၊ ခမရ (၅၅၁) နှင့် စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ် စခန်းတိုအား အာရက္ခတပ်တော်မှ အပြီးသတ် သိမ်းပိုက် ရယူထားပြီး ဖြစ်ကြောင်း အာရက္ခတပ်တော်က မေလ ၄ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ခမရ ၅၅၂ တပ်ရင်းအား မတ်လ ၂၅ ရက်၊ ခမရ ၅၆၄ တပ်ရင်းအား ဧပြီလ ၅ ရက်၊
ခမရ ၅၆၅ တပ်ရင်းအား ဧပြီလ ၂၄ ရက်၊ စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ (၂) ရက်နေ့နှင့် ခမရ ၅၅၁ တပ်ရင်းအား မေလ ၃ ရက်နေ့တို့၌ အသီးသီးသိမ်းပိုက်ခဲ့သည်။

စကခ ၁၅ တပ်မဌာနချုပ်အား အာရက္ခတပ်တော်မှ ကာလအတန်ကြာ ဝိုင်းရံပိတ်ဆိုထားခဲ့ပြီး ဧပြီလ နောက်ဆုံးအပတ်မှ ထိုးစစ်အားအရှိန်မြှင့်ခဲ့ကာ ၁၂ ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလ ၂ရက်နေ့တွင် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ