AB News – ဇန်နဝါရီ ၄၊ ၂၀၂၄
ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့အနီးရှိ တောင်တန်းများကို စစ်ကောင်စီအဖွဲ့က Jet တိုက်လေယာဥ်ဖြင့် ယနေ့ နံနက် ၁၁ နာရီကျော် အချိန်မှ စ၍ ယခု ၃နာရီကျော်အချိန်အထိ ဗုံးကြဲ တိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကောင်စီအဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကမ်းထောင်းကြီးမြို့အနီးရှိ တောင်တန်းများကို ၄ကြိမ်တိုင်တိုင် လှည့်ပတ်ပြီး ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံ ၁ဦးက ပြောသည်။
“ဒီနေ့ မနက် ၁၁ နာရီကျော် အချိန်မှာ စပြီး တိုက်လေယာဥ်ဟာ ကမ်းထောင်းကြီးမြို့အနီးရှိ တောင်တန်းတွေနဲ့ အမ်းမြို့နယ်၊ ဒါးလက်ချောင်းက တောင်တန်းတွေကို ယခု အချိန်ထိ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဒါးလက်ချောင်းအတွင်းရှိ ကျေးရွာတွေကိုလည်း ပစ်ခတ်ခဲ့တယ်” ဟု ဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၃ရက်၊ မွန်းလွှဲ ၂နာရီ၊ ၃၀မိနစ်ခန့်အချိန်တွင် ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် အလယ်ကျွန်းရွာမှ အမျိုးသမီး ၁ဦးသေဆုံးပြီး သုံးလအရွယ်ကလေးငယ် ၁ဦးအပါအဝင် ၁၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။