သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် ၅နှစ်အရွယ် ကလေးငယ်တစ်ဦးရေနစ်သေဆုံး

ABN-ရှိုင်းမိုး

အောက်တိုဘာ ၁၀ရက်

အောက်တိုဘာလ ၈ရက်နေ့က မင်းပြားမြို့နယ် နဂရာအုပ်စု သရက်အုပ် (မူဆလင်)ရွာတွင် အသက် ၅နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးရေနစ်သေဆုံးခဲ့သည်ဟုသိရသည်။

၎င်းမှာ အဖ ဦးမောင်လှရွှေနှင့် ဒေါ်နူဘာရန်တို့သား အသက် ၅နှစ်အရွယ် ဟူဆောင်ဖြစ်သည်ဟုသိရသည်။

၎င်းကလေးငယ်သည် အောက်တိုဘာလ ၈ရက်နေ့ ညနေဖက် ၄နာရီကျော်အချိန်က မြောက်ဦးမြို့ လေးမြို့ချောင်းတွင် ရေကစားကြရာ ချောက်ထဲခြေချော်သွားရာမှ ရေနစ်မြုပ်ခဲ့၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နဂရာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်ဖြူဒေါင်းက ပြောသည်။

“လေးမြို့ချောင်းမှာရေချိုးကြတာ၊ အဲဒီမှာ ချောက်တွေရှိတယ်၊ ရေကစားရာက ချောက်ထဲကိုခြေချော်သွားတယ်၊ ရေကူးတတ်ပါတယ်၊ ဒါပေမယ့်ကလေးဆိုတော့ နောက်ပြီး ချောက်တွေကနက်တယ်” ဟုဆိုသည်။

ထိုကလေးငယ် ရေနစ်မြုပ်သွားသည်ကို သိသောကြောင့် ရေထဲဆင်း၍ ဝိုင်းရှာကြရာ နာရီဝက်အကြာတွင်အသက်မရှိဘဲ ပြန်လည်တွေ့ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ကလေးရေနစ်သွားတယ်ဆိုတာနဲ့ လူကြီးပိုင်းတွေက ဆင်းပြီးရှာကြတယ်၊ ဒါပေမယ့် ချက်ချင်းမတွေ့ပါဘူး၊ နာရီဝက်အကြာမှ ပြန်တွေ့ပါတယ်၊ ပြန်တွေ့တဲ့အခါ အသက်မရှိတော့ဘူး၊ လူကြီးတောင်မှ ရေထဲမှာ နာရီဝက်မခံနိုင်တာ၊ ကလေးက ဘယ်လိုခံနိုင်မှာလဲ၊ ချက်ချင်းတွေ့ရင်အသက်ရှင်လောက်ပါတယ်၊ စိတ်မကောင်းပါဘူး” ဟုဆိုသည်။

အသက် ၅နှစ်အရွယ် မောင်ဟူဆောင်သည် အသက် ၅နှစ်မပြည့်သေး၍ ကျောင်းမနေရသေးဟုသိရသည်။

၎င်း၏အလောင်းကို အောက်တိုဘာလ ၈ရက်နေ့ ညနေဘက် ၇နာရီအချိန်တွင်သင်္ဂြိုလ်လိုက်ကြောင်းသိရှိရသည်။

အောက်တိုဘာလ ၃ရက်နေ့ကလည်း မင်းပြားမြို့ ပြည်တော်လှရပ်ကွက်မှ အသက်၃၇နှစ်အရွယ် အမျိုးသားတစ်ဦးရေနစ်သေဆုံးခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရေနစ်သေဆုံးသူ ၃၀ဦးထက်မနည်းရှိနေခဲ့သည်။

ABNမှလေ့လာချက်အရ ရခိုင်ပြည်အတွင်း မင်းပြားမြို့သည် ရေနစ်သေဆုံးသူအများဆုံးဟုတွေ့ရှိရသည်။

မင်းပြားနယ်တွင် ၅နှစ်အရွယ် ကလေးငယ်တစ်ဦးရေနစ်သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ