Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်-ဘင်္ဂလာနယ်စပ်တွင် ဒေသခံပြည်သူများအပေါ် ဖမ်းဆီး၊ သတ်ဖြတ်သည့် လုပ်ရပ်များ ARSA အကြမ်းဖက်အဖွဲ့က ဆက်တိုက်ကျူးလွန်လာ

ရက္ခိုင်-ဘင်္ဂလာနယ်စပ်တွင် ဒေသခံပြည်သူများအပေါ် ဖမ်းဆီး၊ သတ်ဖြတ်သည့် လုပ်ရပ်များ ARSA အကြမ်းဖက်အဖွဲ့က ဆက်တိုက်ကျူးလွန်လာ

AB News – မတ်လ ၁၅၊ ၂၀၂၄

မောင်တောမြို့နယ်အတွင်းရှိ ရက္ခိုင်-ဘင်္ဂလာနယ်စပ်တွင် ARSAအကြမ်းဖက်အဖွဲ့သည် စစ်ရေး၊ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ဒေသခံပြည်သူများအား ဖမ်းဆီး၊ သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်လာသည့်အပြင် ဓားပြတိုက်၊ လုယက်မှုများကိုလည်း ပြုလုပ်လာသည်ကို တွေ့ရှိရသည်။

ယနေ့ မတ်လ ၁၅ရက်နေ့၊ နံနက်အစောပိုင်း ၁နာရီအချိန်တွင် ARSA အကြမ်းဖက်အဖွဲ့သည် မောင်တောမြို့နယ်၊ မင်္ဂလာကြီးအုပ်စု၊ သာစည်(မူဆလင်)ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဓားပြတိုက်လုယက်မှုများကို ပြုလုပ်ခဲ့သည့်အပြင် မူဆလင်လူငယ် ၇ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ARSA အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခံခဲ့ရသူများမှာ မောင်တောမြို့နယ်၊ သာစည် (မူဆလင်)ရွာမှ မာမွတ်ဘော်ဟန် ၁၅နှစ်၊ မာမတ်ဝါရစ် ၁၈နှစ်၊ အီဗြာဟိန် ၂၀နှစ်၊ မာမွတ်ရီရစ် ၂၀နှစ်၊ နူရ်ကာမာလ ၂၁နှစ်၊ ဟော်လီအူလ္လာ ၂၃နှစ်နှင့် မော်ဟူရာမာန် ၂၂နှစ်တို့ဖြစ်ကြောင်း သိရသည်။

မောင်တောခရိုင်ဒေသအတွင်း ARSA အကြမ်းဖက်အဖွဲ့သည် အပြစ်မဲ့ဒေသခံများကို ဖမ်းဆီး၊ သတ်ဖြတ်၊ လုယက်မှုများကို ပြုလုပ်နေသည့်အတွက်‌ ဒေသခံပြည်သူများမှာ လုံခြုံမှုကင်းမဲ့နေကြောင်း ‌ဒေသခံပြည်သူ ၁ ဦးက ပြောသည်။

“နေသာနေရတာ လုံခြုံတယ်လို့ လုံးဝ မခံစားရဘူး။ ဘယ်နေ့ ဖမ်းဆီးသတ်ဖြတ်ခံရမှာလဲ ဆိုတာ တွေးကြောက်နေရတယ်။ ARSA အကြမ်းဖက်အဖွဲ့ဟာ လစ်ရင်လစ်သလို ရွာသားတွေကို ဖမ်းဆီး၊ သတ်ဖြတ်နေတယ်။ ဒီနေ့လည်း ရွာထဲကိုဝင်ပြီး ဓားပြတိုက်သွားတဲ့အပြင် ရွာသား ၇ဦးကို ဖမ်းဆီးသွားတယ်” ဟု ဆိုသည်။

မောင်တောဒေသအတွင်း ရက္ခိုင်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် အချိန်တွင် အဆိုပါ ARSA အကြမ်းဖက်အဖွဲ့သည် ပြည်သူများကို နေ့စဉ်ရက်ဆက် ခြိမ်းခြောက် ဖမ်းဆီးသတ်ဖြတ်မှုများကို လက်ရဲဇက်ရဲ ကျူးလွန်နေကြောင်း မောင်တောမြို့ခံ ၁ဦးက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၇ရက်၊ ညနေ ၄နာရီခန့်အချိန်၌ မောင်တောြမို့မြောက်ဘက်ခြမ်း၊ တောင်ပြို-ကြိမ်းချောင်းကားလမ်းရှိ သာယာကုန်းကျေးရွာနှင့် သဲချောင်းကျေးရွာကြားတွင် နံသာတောင်ကျေးရွာမှ မသူဇာ ၃၀နှစ်နှင့် တောင်ပြိုလက်ဝဲမှ ကိုမောင်ဘု ၂၈နှစ်တို့အား ARSA အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

အဆိုပါ ၂ဦးအား သတ်ဖြတ်ခဲ့သည့် နေရာတွင် ARSA အကြမ်းဖက်အဖွဲ့ လှုပ်ရှားနေသည့် နေရာဖြစ်ပြီး ယင်းနေရာတွင် ယခင်က ပညာရေးဝန်ထမ်း ၂ဦးမှာလည်း ဖမ်းဆီး ပြန်ပေးဆွဲခံခဲ့ရသည်။

ARSA အကြမ်းဖက်အဖွဲ့သည် လူသူကင်းမဲ့သည့် ကားလမ်းများနှင့် ခြုံထူထပ်သည့် နေရာများတွင် ခရီးသွား ပြည်သူများအား ရှောင်တခင် ဖမ်းဆီးသတ်ဖြတ်မှုများကို ပြုလုပ်လေ့ရှိသည်။

မောင်တောမြို့နယ်ရှိ တောင်ပြို-ကြိမ်ချောင်းကားလမ်းတစ်ခုလုံးနှင့် တောင်ပြိုလက်ဝဲမြို့နယ်ခွဲတစ်ခုလုံးကို ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထားပြီး ARSA အကြမ်းဖက်အဖွဲ့သည်လည်း နယ်စပ်ဒေသတစ်လျှောက်၌ မောင်တောခရိုင်ဒေသရှိ ပြည်သူများကို အကြမ်းဖက်သောင်းကျန်းသည့် လုပ်ရပ်များအား ဆက်တိုက်ကျူးလွန်နေသည်ကို တွေ့ရသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ