သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်တွင် အီးဒ်ပွဲတော်နေ့၌ ရထားနှင့် ဘတ်စ်ကားတိုက်မိ၍ ကလေးငယ်များအပါအဝင် ၁၂ ဦး သေဆုံး

AB News – မတ် ၂၂၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်အနီးရှိ ကော်မီလာ(Comilla) ခရိုင်တွင် ယမန်နေ့က ခရီးသည်တင် ဘတ်စ်ကားတစ်စီးနှင့် ရထား တိုက်မိခြင်း ဖြစ်ပွားခဲ့ရာ ကလေးငယ်များအပါအဝင် ၁၂ ဦး သေဆုံးသွားကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ မတော်တဆမှုသည် အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဝါကျွတ်အီးဒ် (Eid-ul-Fitr) ပွဲတော်နေ့ဖြစ်သည့် မတ်လ ၂၁ ရက်၊ စနေနေ့ နံနက် ၃ နာရီခန့်တွင် ဒါကာ-စစ်တကောင်း အဝေးပြေးလမ်းမကြီး၏ Paduarbazar Bishwa လမ်းဧရိယာအနီးရှိ ရထားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဝေးပြေးလမ်းမကြီး ရဲတပ်ဖွဲ့၏ တာဝန်ခံအရာရှိ (OC) Md. Abdul Momin ၏ ပြောကြားချက်အရ သေဆုံးသူများထဲတွင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၃ ဦးတို့ ပါဝင်ကြောင်း သိရသည်။ ၎င်းတို့အားလုံးမှာ စစ်တကောင်းမှ ဒါကာသို့ မောင်းနှင်လာသည့် ခရီးသည်တင် ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသူများဖြစ်ပြီး ဘတ်စ်ကားနှင့် စာပို့ရထားတို့ အရှိန်ပြင်းစွာ တိုက်မိခဲ့ခြင်းဖြစ်သည်။

မတော်တဆမှု ဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့၊ ရထားလမ်းရဲတပ်ဖွဲ့နှင့် အဝေးပြေးရဲတပ်ဖွဲ့တို့သည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို သယ်ယူကာ နီးစပ်ရာ ဆေးဘက်ဆိုင်ရာ ကောလိပ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ