သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒုက္ခသည်စခန်းအတွင်း အကြမ်းဖက် ARO အဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦး သတ်ဖြတ်ခံရ

AB News – မေ ၆၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းအတွင်း မူဆလင် အကြမ်းဖက်အဖွဲ့ ဖြစ်သည့် Arakan Rohingya Organization(ARO) ၏ ထိပ်ပိုင်းခေါင်းဆောင် (Mohammad Halim ) သတ်ဖြတ်ခံရကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနဖြစ်သော TTN တွင် ရေးသားဖော်ပြသည်ကို တွေ့ရသည်။

ယမန်နေ့ မေလ ၅ ရက်နေ့ နံနက်ပိုင်း ၈နာရီ၊ ၂၀ မိနစ်ခန့်တွင် ARO အဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည့် Halim Group ၏ ဥက္ကဌ “Mohammad Halim” အား နောက်ထပ် မူဆလင်အကြမ်းဖက်အဖွဲ့ ၁ ဖွဲ့ မှပစ်ခတ်မှူကြောင့် သေဆုံးသွားခဲ့သည်ဟု ဆိုထားသည်။

၎င်းအား ပစ်ခတ်ခဲ့သည့် အဖွဲ့သည် မည်သည့်အကြမ်းဖက်အဖွဲ့ဖြစ်သည်ကို ယခုထိ အတည်မပြုနိူင်သေးကြောင်း TTN မှ ဖော်ပြထားဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်ကြသော မူဆလင်ဒုက္ခသည်အချို့ကလည်း အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများအား အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုနေကြသည်ကို ဒေသတွင်း မီဒီယာများတွင် တွေ့မြင်ရသည်။

ရက္ခိုင်- ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဒေသများ၌ မှောင်ခိုကုန်ကူးနေသော မူဆလင် ကုန်သည်များကိုလည်း မူဆလင်အကြမ်းဖက်အဖွဲများ ဖြစ်ကြသည့် RSO၊ ARSAနှင့် ARA အဖွဲ့မှ ခြိမ်းခြောက်တားမြစ်ပြီး ပြန်ပေးဆွဲ ငွေညှစ်မှုများ ပြုလုပ်နေကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းရင်းမြစ်များထံမှ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ