AB News – ဇူလိုင် ၁၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်အတွင်းရှိ ရေဘေးသင့် ကျေးရွာ ၁၈ ရွာမှ ဒေသခံများအား ULA/AA က ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မင်းပြားမြို့နယ်အတွင်းရှိ ရေဘေးဒဏ်ခံခဲ့ရသည့် ပွဲရကန်ဆိပ်၊ အိုးပျဉ်တောင်၊ ကပ္ပဲ့၊ ငတာ၊ ထိန်ပင်၊ ပေါက်တော၊ မင်းဖူး၊ အသေကာလ၊ ခွဆုံ၊ ရွှေတောင်၊ တောင်ပုတ်ကေ၊ ကျောက်ဆုံ၊ ခွဆုံ၊ စိတ္တရ၊ အထက်လက်ခုပ်၊ မြင်းတင်မ၊ ဒုံကြီး၊ ဒုံးသားရွာမှ ဒေသခံများအား ဆန်၊ ခေါက်ဆွဲထုတ်၊ ခေါက်ဆွဲဗူး၊ လက်ဖက်သုတ်ထုတ်၊ ငပိထောင်းဗူးနှင့် ပဲ တို့ကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။
လက်ရှိ ရေနစ်မြုပ်ခဲ့သည့် ကျေးရွာများတွင် သောက်၊ သုံးရေကန်များ ရေနစ်ခဲ့သည့်အပြင် သန့်ရှင်းမှုမရှိ၍ သောက်၊ သုံးရေများ လိုအပ်နေကြောင်း ဒေသခံများက ဆိုကြသည်။
#ArakanBayNews #AB_News #ULA_AA_ProvidesFoodAid #18Flood_AffectedVillages #Minbya_Township #AAControlledAreas #Rakhine





