Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီတောင်မြို့ထဲတွင် သေဆုံးနေသည့် မြို့ခံ ၂ဦး၏ အလောင်းများကို တွေ့ရှိ

ရက္ခိုင်ပြည်၊ ဘူးသီတောင်မြို့၊ အမှတ် ၆ ရပ်ကွက်တွင် သေဆုံးနေသည့် မြို့ခံ ၂ဦး၏ အလောင်းများကို ယနေ့ ဧပြီလ ၁၁ ရက်နေ့၌ တွေ့ရှိခဲ့ကြောင်း မြို့ခံများက အတည်ပြုပြောဆိုသည်။

သေဆုံးခဲ့သူများမှာ ဘူးသီးတောင်မြို့၊ အမှတ် ၅ ရပ်ကွက်မှ ကိုမင်းသိန်းဇံ ၃၂နှစ်နှင့် အမှတ် ၃ရပ်ကွက်မှ ပညာရေးဝန်ထမ်း ကိုထွန်းထွန်းနိုင် ၃၂ နှစ်တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ သေဆုံးသူ ၂ဦး၏ လည်ပင်းနှင့် ခြေဖနှောင့်ကြောများကို ဓားဖြင့် လှီးထားသည့် ဒဏ်ရာများ ပါရှိကြောင်း သိရသည်။

ယနေ့ ဧပြီလ ၁၁ ရက်နေ့၊ နံနက်အစောပိုင်းအချိန်တွင် ဘူးသီတောင်မြို့၊ အမှတ် ၆ ရပ်ကွက်တွင် သေဆုံးနေသည့် မြို့ခံ ၂ဦး၏ အလောင်းများကို တွေ့ရှိခဲ့ကြသည်ဟု မြို့ခံ ၁ဦးက ပြောသည်။

အမှတ် ၆ရပ်ကွက်မှာ သေဆုံးနေတဲ့ အလောင်း ၂လောင်းကို တွေ့ရပါတယ်။ တစ်ဦးက အမှတ် ၅ ရပ်ကွက်က၊ နောက်တစ်ဦးက အမှတ် ၃ ရပ်ကွက်ကလို့ သိရတယ်။ ဟု

မြို့ခံတစ်ဦးက ဆိုသည်။

ကိုမင်းသိန်းဇံနှင့် ကိုထွန်းထွန်းနိုင်တို့အား စစ်ကောင်စီမှ ရက်တိုစစ်သင်တန်းပေးထားသည့် မြို့ခံမူဆလင်များက လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု မြို့ခံများက ဆိုကြသည်။

တိုက်ပွဲတွေ စဖြစ်ကတည်းက မြို့ခံ ရက္ခိုင်တွေဟာ မြို့ကနေ ထွက်ခွာခဲ့တယ်။ အမျိုးသား တချို့ဟာ အိမ်စောင့်ပြီး ကျန်ခဲ့တယ်။ မြို့ထဲမှာတော့ မူဆလင်တွေ ကျန်တယ်။ စစ်သင်တန်းတက်ထားတဲ့ မူဆလင်အချို့ဟာ နေအိမ်တွေက ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူတာ။ ရှိပါတယ် ဟု

ဒေသခံတစ်ဦးက ဆိုသည်။

ယမန်နေ့တွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဘူးသီတောင်မြို့သုသာန်တွင် ဘူးသီးတောင်မြို့မရဲစခန်းမှ ရဲသားများနှင့် သံဃာတော်အချို့မှ သင်္ဂြိုလ်ခဲ့သည်။

အဆိုပါ ၂ဦးမှာ ဧပြီလ ၉ ရက်နေ့တွင် အသတ်ခံခဲ့ရခြင်းဖြစ်နိုင်သည်ဟု သင်္ဂြိုလ်ရာတွင် လိုက်ပါခဲ့သူ မြို့ခံများက ဆိုကြသည်။

#ABN#ဘူးသီးတောင်#လူသေအလောင်းတွေ့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ