သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်တွင် ရေဘေးသင့်ပြည်သူများကို ULA/AA က ရိက္ခာထောက်ပံ့ပြီး မြို့သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် (ဓာတ်ပုံသတင်း)

AB News – ဇူလိုင် ၁၆၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်း ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရသည့် ပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နှင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ ပူးပေါင်းကာ ဆန်ရိက္ခာများ ထောက်ပံ့ပေးခဲ့ပြီး မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကိုလည်း ဇူလိုင်လ ၁၅ ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရိက္ခာထောက်ပံ့မှုကို သပြုချောင်း (မူဆလင်) ကျေးရွာ၊ ဆင်အိုးပြင် (မူဆလင်) ကျေးရွာ၊ အောင်လံပြင်ကျေးရွာနှင့် ရွှေအိုးပြင်ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စုများထံ ဆန်ရိက္ခာများ ဖြန့်ဝေပေးခဲ့ကြသည်။

ထို့အပြင် ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသည့် ဘူးသီးတောင်မြို့ပေါ်တွင်လည်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လမ်းများ၊ အများပြည်သူအသုံးပြုသည့် နေရာများအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Photo – AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ