Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်တွင် မူဆလင်ရွာသား ၁ ဦးကို ARSA အဖွဲ့က ရက်စက်စွာ သတ်ဖြတ်သွား

AB News – ဧပြီ  ၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ စိမ်းညှင်းပြားအုပ်စု၊ စိမ်းညှင်းပြား စျေးရှေ့တွင် အာဆာအဖွဲ့ဝင် ၅ ဦးက မူဆလင်ရွာသား အမျိုးသားတစ်ဦးအား သေနတ်၊ ဓားတို့ဖြင့် သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ စိမ်းညှင်းပြား မူဆလင်ရွာမှ အဖနိုရ်ရိုဆလင်၏သား အသက် ၃၅ နှစ်အရွယ် အီဆမာန် ( ခ)  စိုးနိုင်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်၊ နေ့လည် ၂ နာရီ ၄၀ မိနစ်တွင် အီဆမာန်သည် ၎င်း၏ သူငယ်ချင်း ၃ ဦးနှင့် အတူလက်ဖက်ရည်ဆိုင်သို့သွားစဥ် အာဆာအဖွဲ့က ဝင်ရောက်လာပြီး သေနတ်၊ ဓားတို့ဖြင့် ပစ်ခတ် ခုတ်သတ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“သူက မုန့်ပဲသရေစာစားဖို့သွားတာပါ။ ဟာဘီဟာမာန် လက်ဖက်ရည်ဆိုင်ရဲ့ ၂၈ ပေအကွာလောက်မှာ ဖရဲသီးစားဖို့လုပ်နေတယ်။ အာဆာတွေကဝင်လာတယ်။ အီဆမာန်ရဲ့ လည်ပင်းကိုဆွဲပြီး ကျောကုန်း သေနတ်နဲ့ ၂ ချက်ပစ်တယ်။ ၁၂ လက်မ အရှည်ဓားနဲ့ ညာဖက် ပခုံးကို ၁ ချက်ခုတ်တယ်။ ပခုံးပြုတ်ထွက်သွားတယ်။ ညာဖက်ရင်အုံကို ထပ်ပြီး ၁ ချက်ခုတ်တယ်။ ညဖက် လက်မောင်းကို ၁ ချက်ခုတ်တယ်။ ပြီးတော့ ညာဖက် ကျောကုန်းကို ၆ လက်မဓားနဲ့ ၂ ချက်ထိုးသွင်းပြီး သတ်သွားခဲ့ကြပါတယ် ” ဟုဆိုသည်။

၎င်းနှင့်အတူ လိုက်ပါသွားသူများမှာ စိမ်းညှင်းပြား စျေးနောက်ရှိ မူဆလင်ရွာမှအသက် ၃၅ နှစ်အရွယ် အေကေရမ်၊ အသက် ၄၀ နှစ်အရွယ် အာဘူဖော့ယာစ်၊ တောဂံအလယ် မူဆင်လင်ရွာမှ အသက် ၃၄ နှစ်အရွယ် မော်လဝီ ဇော်ကီရာမ်တို့ဖြစ်သည်။

ထို့သို့သတ်ဖြတ်ပြီးနောက် အာဆာ ၅ ဦးသည် ဒိုင်းနက်ပြင် မူဆလင်ရွာသို့ ထွက်ပြေးသွားရာလမ်း၌ “စိမ်းညှင်းပြားက ရှင်ဘုရင်ကို ငါတို့သတ်ပစ်ခဲ့ပြီ” ဟု ဘင်္ဂါလီစကားဖြင့် ကြွေးကြော်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် ဒေသခံ အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၁ဦးကို ARSA အကြမ်းဖက်အဖွဲ့က မတ်လ ၇ရက်နေ့ ညနေ ၄နာရီကျော်အချိန်တွင် သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

အလားတူ ဇန်နဝါရီလ ၈ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်တွင် ARSAအဖွဲ့က ရွာထဲသို့ဝင်ရောက်ပြီး ရွာသားများအား ပစ်ခတ်ခဲ့သောကြောင့် ရွာသား ၃ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ