သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

AB News – မတ် ၃၀၊ ၂၀၂၆

ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို စစ်ကော်မရှင်လေတပ်မှ ဗုံးကြဲတိုက်ခိုက်ခိုက်ခဲ့၍ အရပ်သား ၇ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ မတ်လ ၂၉ ရက်နေ့၊ ညနေ ၄ နာရီ၊ ၅ မိနစ်အချိန်တွင် စစ်ကော်မရှင်သည် ဂျက်ဖိုက်တာ ၂ စီးဖြင့် ကြောင်ချောင်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်၊ ရော့ကတ်ဖြင့် ၂ ကြိမ် တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အောက် ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦးဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကော်မရှင်သည် အာရက္ခတပ်တော်နှင့် တိုက်ပွဲများအတွင်း အကျအဆုံးအထိအခိုက်များစွာနှင့် ရင်ဆိုင်ရသည့်အခါတိုင်း စစ်ရေးနှင့် မသက်ဆိုင်သော အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာများသို့ ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ လေကြောင်းမှ အလစ်ချောင်း ဗုံးကြဲ တိုက်ခိုက်သည့် လုပ်ရပ်မျိုးကို ပြုလုပ်နေကာ စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲ ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ