သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခတပ်တော်(AA) ၁၇ နှစ်မြောက် အထိမ်းအမှတ်အဖြစ် လူမျိုးပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပ

AB News – ဧပြီ ၁၁၊ ၂၀၂၆

အာရက္ခတပ်တော်(AA) ၁၇ နှစ်ကြိမ်မြောက် တပ်ထူ‌ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ရက္ခိုင်ပြည်တွင်း လူမျိုးပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲကို ယမန်နေ့ ဧပြီလ ၁၀‌ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ရက္ခိုင်ပြည်အတွင်းရှိ လူမျိုးဘာသာပေါင်းစုံ ပါဝင်၍ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အာရက္ခတပ်တော် အနေဖြင့်လည်း ဒေသအတွင်း နေထိုင်ကြသော လူမျိုးစုများအား၊ လူမျိုးစုအချင်းချင်း စည်းလုံးမှုရရှိရေးနှင့် လူမှုသဟဇာတကျစေရေးအတွက်‌ ရည်ရွယ်ပြီး ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်း ချစ်ကြည်ရေးဘောလုံးပွဲသို့ အာရက္ခတပ်တော်ဘက်မှ အကြီးအကဲများနှင့် မူဆလင်ဘာသာရေးခေါင်းဆောင်များ၊ အခြား တိုင်းရင်းသားလူမျိုးအသီးသီးမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ပြိုင်ပွဲအတွင်း အနိုင်ရရှိခဲ့သည့် အသင်းကို အာရက္ခတပ်တော်ဘက်မှ ပထမဆု ငွေသားနှင့် ဒိုင်းဆုများချီးမြှင့်ခဲ့ပြီး ဒုတိယရရှိခဲ့သော အသင်းကိုလည်း ငွေသားနှင့် ဒိုင်ဆုများ ချီးမြှင့်ခဲ့ကာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးများ၊ အခြားသော ဆုများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ပွဲကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS တပ်ဖွဲ့က လုံခြုံရေးတာဝန်ယူပေးခဲ့ပြီး ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ArakanBayNews #AB_News #အာရက္ခတပ်တော် #၁၇နှစ်မြောက်တပ်မွေးနေ့ #ဘောလုံးပြိုင်ပွဲကျင်းပ #ULA_AA #AAControlledAreas #Rakhine #Myanmar

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ