
AB News – ဧပြီ ၁၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အဆင်းလမ်းတွင် ယနေ့နံနက်ပိုင်းက တုတ်တုတ်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၁ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် ကျောက်တော်မြို့မှ ယိုးတရုတ်ကျေးရွာသို့ ခရီးသည်များတင်ဆောင်၍ မောင်းနှင်လာသော တုတ်တုတ်တစ်စီးသည် ကန်စောက်တောင်အဆင်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ မာန်အောင်သားကျေးရွာမှ အသက် ၆၃ နှစ်အရွယ် ဒေါ်ရွှေစံနု ၏ နဖူး၊ မျက်စိ၊ တံတောင်ဆစ်နှင့် ဒူးဆစ်တို့၌ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ကျန်ခရီးသည်အချို့တွင်လည်း ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် တုတ်တုတ်၏ လေကာမှန်နှင့် နောက်ခန်းတို့ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
ရက္ခိုင်တွင် ယာဥ်အန္တရာယ်ကင်းစေရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ တစိုက်မတ်မတ်လုပ်ဆောင်နေပြီး မြောက်ဦးခရိုင်အတွင်း ယာဉ်စည်းကမ်းချိုးဖောက်မှုများအပေါ် ဒဏ်ကြေးငွေအသီးသီး ပေးဆောင်ရမည်ဟု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပို့ဆောင်ရေးဌာန၊ မြောက်ဦးခရိုင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဧပြီလ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ပုံစာ – ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အဆင်းလမ်းတွင် တုတ်တုတ်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ကို မြင်တွေ့ရခြင်း။
#ArakanBayBews #တုတ်တုတ်ယာဥ် #တိမ်းမှောက်မှုဖြစ်ပွား #အမျိုးသမီးတစ်ဦးဒဏ်ရာရ #ကျောက်တော်မြို့နယ်#Rakhine