AB News- မတ်လ ၂၆၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲတွေနဲ့ လမ်းခရီးပိတ်ဆို့မှုတွေကြောင့် ရပ်တန့်လုနီးပါးဖြစ်ခဲ့ရတဲ့ ဥစားကြက်မွေးမြူရေးလုပ်ငန်းတွေဟာ အခုအခါမှာတော့ ပြန်လည်ဦးမော့လာနေပြီ ဖြစ်ပါတယ်။ ပြည်ပမှာ ၄,၀၀၀ ကျပ်ဝန်းကျင်ပဲရှိတဲ့ ကြက်ပေါက်တစ်ကောင်ဟာ ရက္ခိုင်ဒေသအရောက်မှာတော့ ၈,၅၀၀ ကျပ်အထိ ပေးဝယ်နေရသလို အိန္ဒိယဘက်ကဝင်တဲ့ ကြက်ဥဈေးနှုန်းနဲ့ ဒေသတွင်းထွက် ကြက်ဥဈေးနှုန်း ကွာဟချက်တွေကလည်း လုပ်ငန်းရှင်တွေအတွက် အခက်အခဲ ဖြစ်နေစေပါတယ်။ #ArakanBayNews #AB_News #ဥစားကြက်မွေးမြူရေးလုပ်ငန်း #ပြန်လည်ဦးမော့လာ #Rakhine