သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်တွင် စစ်ဘက်ထောက်လှမ်းရေးညွှန်ကြားရေးမှုချုပ်ဟောင်း အဖမ်းခံရ

AB News – မတ် ၂၆၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်တွင် စစ်ဘက်ထောက်လှမ်းရေးဌာန(DGFI) ၏ ညွှန်ကြားရေးမှုချုပ်ဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ရှိတ်မာမွန်ခါလက်ဒ် (Sheikh Mamum Khaled) ကို ဒါကာမြို့တော် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးရေးဌာန(DB) အဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ရှိတ်မာမွန်ခါလက်ဒ်ကို ယမန်နေ့ နံနက် ၁ နာရီ၊ ၄၅ မိနစ်အချိန်ခန့်တွင် မီရ်ပူရ်(Mirpur DOHS) ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး မင်းတူးလမ်းရှိ DB ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ရှိတ်မာမွန်ခါလက်ဒ် ဖမ်းဆီးခံရသည့်အကြောင်းကို လတ်တလောတွင် ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပေ။ သို့သော်လည်း ၎င်းအပါအဝင် မိသားစုဝင်များသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(ACC) ၏ တိုင်ကြားချက်အရ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းကို ခံခဲ့ရသည်။

ထို့အပြင် ၎င်းသည် ၂၀၀၇-၀၈ ခုနှစ် စစ်တပ်ကျောထောက်နောက်ခံပြု ကြားဖြတ်အစိုးရလက်ထက်တွင် DGFI ၏ တန်ပြန်ထောက်လှမ်းရေး ဗျူရိုတွင် ညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အဝါမီလိဂ် (Awami League) အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ DGFI ၏ ညွှန်ကြားရေးမှုချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

Source – Dhaka Tribune

ArakanBayNews #AB_News #စစ်ဘက်ထောက်လှမ်းရေးညွှန်ကြားရေးမှုချုပ်ဟောင်း #ဖမ်းဆီးခံရ #စစ်ဘက်ထောက်လှမ်းရေးဌာန(DGFI) #Bangladesh

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ