သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သမ္မတအဖြစ် တင်မြှောက်ခြင်းခံရသည့် မင်းအောင်လှိုင်အား တရုတ် ဂုဏ်ပြု

AB News – ဧပြီ ၃၊၂၀၂၆

မြန်မာနိုင်ငံတွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တရုတ်နိုင်ငံမှ ဂုဏ်ပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်းကြီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာခြင်းကို ပထမဆုံး အသိအမှတ်ပြုသော ဂုဏ်ပြုသည့် နိုင်ငံဖြစ်ပြီး တရုတ်ကျောထောက်နောက်ခံပြုနေသည့် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSP/UWSA) အနေဖြင့်လည်း ပထမဆုံး ဂုဏ်ပြုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ယင်းအပြင် သမ္မတ မင်းအောင်လှိုင် အား နိုင်ငံတော် ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်း၍ ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ကာ တရုတ်၏ ပိုးလမ်းမစီမံကိန်း တည်ဆောက်ရေး၌ ပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေးသွားမည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်းကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်မှ ပြောကြားခဲ့သည်။

တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရေးတွင်လည်း ကောင်းကျိုးရလဒ်များ ရရှိစေရန် အားပေးသွားမည်ဟုလည်း ပြောဆိုထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ ဧပြီလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ခြင်း ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ