သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဂတိလိုက်စားမှုကြောင့် တရုတ်ဝန်ကြီးဟောင်း ၂ ဦး သေဒဏ်ချမှတ်ခံရ

AB News – မေ ၉၊ ၂၀၂၆

တရုတ်နိုင်ငံတွင် ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးဖြစ်သော Wei Fenghe နှင့် Li Shangfu တို့ကို လာဘ်ငွေလက်ခံခြင်းအပါအဝင် အကျင့်ပျက်ခြစားမှုနှင့် အဂတိလိုက်စားမှုတို့ဖြင့် တရုတ်တရားရုံးမှ သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းဝန်ကြီးဟောင်းနှစ်ဦးသည် ဝန်ကြီးချုပ်ရာထူးအား တာဝန်ထမ်းဆောင်ချိန်၌ အာဏာကို အလွဲသုံးစားလုပ်ခဲ့ခြင်းနှင့် အဂတိလိုက်စားမှုများကြောင့် တရုတ်နိုင်ငံစစ်သံရုံးမှ မေလ ၇ ရက်နေ့က သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော ဝန်ကြီးဟောင်း Wei Fenghe နှင့် Li Shangfu တို့သည် တရုတ်နိုင်ငံ၏ ဩဇာအဏာကြီးမားသော ဗဟိုစစ်ကော်မရှင်၏ အဖွဲ့ဟောင်းများနှင့် နိုင်ငံတော်ကောင်စီဝင်ဟောင်းများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြကြောင်း သိရသည်။

တရားရုံး၏ တွေ့ရှိစစ်ဆေးချက်အရ Wei Fenghe သည် လာဘ်ငွေလက်ခံမှုဖြင့် ပြစ်မှုထင်ရှားခဲ့ပြီး Li Shangfu သည် လာဘ်ငွေလက်ခံခြင်းနှင့် ပေးကမ်းခြင်းနှစ်မျိုးလုံးအတွက် သက်သေအထောက်အထားတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သေဒဏ်အပြင် ဝန်ကြီးဟောင်းနှစ်ဦးသည် တစ်သက်တာ နိုင်ငံရေးအခွင့်အရေးအားလုံးကို ရုပ်သိမ်းခံရပြီး ၎င်းတို့၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုအားလုံးကို သိမ်းယူခြင်းခံခဲ့ရသည်။

တရုတ်ရုံး၏ လေ့လာတွေ့ရှိချက်အရ ၎င်းတို့နှစ်ဦးအား ၂ နှစ်တာ ပြစ်ဒဏ်ဆိုင်းငံကာလကုန်ဆုံးသွားပါက ပြစ်ဒဏ်ကို ဥပဒေအရ ထောင်ဒဏ်တစ်သက်တစ်ကျွမ်းအဖြစ် ပြောင်းလဲမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် နောက်ထပ် လွတ်ငြိမ်းခွင့် သို့မဟုတ် အကျဉ်းထောင်မှ လွတ်မြောက်ခွင့် မရှိတော့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ