သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎စစ်တိုက်ရန် လုံးဝအဆင်သင့်ရှိကြောင်း အိမ်နီးချင်းနိုင်ငံများကို ပါကစ္စတန် ခြိမ်းခြောက်



‎AB News – မေ ၉၊၂၀၂၆

‎ပါကစ္စတန်နိုင်ငံသည် မည်သည်အခြေအနေနှင့်မဆို စစ်ပွဲအတွက် ရင်ဆိုင်တိုက်ခိုက်ရန် အသင့်ရှိကြောင်း ဝန်ဆောင်မှုများဆိုင်ရာ ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Ahmed Sharif Chowdgury မှ ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်မီဒီယာအချို့တွင် ရေးသားဖော်ပြသည်။

‎မေလ ၇ ရက်နေ့က အစ္စလာမာဘတ်မြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ၎င်းက စစ်တိုက်ရန် အဆင်သင့်ရှိကြောင်း ဤကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ နည်းပညာအဆင့်မြင့် စစ်ရေးစွမ်းရည်များကိုလည်း မီးမောင်းထိုးပြခဲ့သည်။

‎အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပါကစ္စတန်နိုင်ငံ၏ ရေတပ်ဗိုလ်ချုပ်ကြီး Shifat Ail နှင့် လေတပ် ဒုတိယဗိုလ်ချုပ်ကြီး Tariq Ghazi တို့တက်ရောက်ခဲ့ကြပြီး ၎င်းတို့မှ မေးခွန်းပြောကြားခဲ့ကြသည်။

‎သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပါကစ္စတန်လက်နက်ကိုင်အဖွဲ့များသည် ပြည်သူများ၏ မျှောင်လင့်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်းနှင့် ဘက်စုံစစ်ဆင်ရေးများမှတဆင့် အဓိက ရန်သူကို အနိုင်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။

‎တပ်မတော် ပြောရေးဆိုခွင့်ရှိသူက “ဒီနေ့မှာ ကျွန်တော်တို့ ၂၀၂၅ နှစ် မေလကနေ ၂၀၂၆ ခုနှစ် မေလအထိ ပဋိပက္ခိကုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် ပဋိပက္ခရဲ့ မဟာဗြုမွောကျ အကျိုးဆက် ၁၀ ခုကိုလည်း ရှင်းပြမယ်” ဟု ပြောဆိုခဲ့သည်။

‎ယင်းအပြင် ဤပဋိပက္ခ၏ ပထမဆုံး မဟာဗျူဟာမြောက် ရလဒ်မှာ ပါကစ္စတန်ကို အကြမ်းဖက်မှု၏ အရင်းအမြစ်အဖြစ် ပုံဖော်ခဲ့သည့် အိန္ဒိယ၏ ဇာတ်ကြောင်း ပျက်ပြယ်သွားခြင်းပင် ဖြစ်ကြောင်း အာမက် ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Ahmed Sharif Chowdhury က ပြောကြားခဲ့သည်။

‎”အိန္ဒိယနိုင်ငံမှာ အကြမ်းဖက်မှုတွေအတွက် ပါကစ္စတန်ကို သက်သေအထောက်အထားမရှိဘဲ အပြစ်တင်ဖို့ ကြိုးစားမှုတစ်ခု ရှိခဲ့ပါတယ်။ သက်သေအထောက်အထားတွေ ဘယ်မှာလဲ။ ဘယ်သူမှ ဒါကို မယုံတော့ဘူး။ ခင်ဗျားတို့က အကြီးဆုံးအကြမ်းဖက်သမားတွေပဲ”ဟု ပြောဆိုခဲ့သည်။

‎ဒုတိယ မဟာဗျူဟာမြောက် ရလဒ်အနေဖြင့် ပါကစ္စတန်သည် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် အဓိက အင်အားစုတစ်ခုအဖြစ် ယခုအခါ မိမိကိုယ်ကိုယ် ထူထောင်နိုင်ခဲ့ပြီဟု ၎င်းက ပြောကြားခဲ့သည်။

‎ဤပဋိပက္ခတွင် အခြေအနေကို မည်သူက ထိန်းချုပ်ခဲ့ပြီး တင်းမာမှုကို မည်သူက မြှင့်တင်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း သိရှိလာပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

‎တတိယရလဒ်ကို ရှင်းပြရာတွင် အိန္ဒိယ၏ စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်မှုကို ဝေဖန်ခဲ့ပြီး အိန္ဒိယ၏ စစ်ရေးခေါင်းဆောင်မှုကို နိုင်ငံရေးအရ အသုံးချနေ၍ နိုင်ငံရေးခေါင်းဆောင်မှုသည် စစ်ရေးစိတ်သဘောထားကို လက်ခံကျင့်သုံးနေကြောင်း ဆိုခဲ့သည်။

‎ယခင်က အိန္ဒိယစစ်တပ်သည် ပရော်ဖက်ရှင်နယ်ဆန်ခဲ့သော်လည်း ယခုအခါ နိုင်ငံရေးလွှမ်းမိုးမှု၏ သားကောင်ဖြစ်လာပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

‎၎င်းက ဥပမာတစ်ခုပေးခဲ့ပြီး ပဋိပက္ခဖြစ်ပွားပြီး လအနည်းငယ်အကြာတွင် အိန္ဒိယလေတပ်အကြီးအကဲက “ကျွန်တော်တို့ လေယာဉ်အချို့ကိုလည်း ပစ်ချခဲ့တယ်ဆိုတာ ဒီနေ့မှပဲ ကျွန်တော်သိခဲ့ရတယ်” ဟု ပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

‎အိန္ဒိယနိုင်ငံရေးသမားများ၏ အဆိုအရ စစ်ပွဲကို လှုံ့ဆော်ပေးသကဲ့သို့ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပြီး စစ်တပ်ကို နိုင်ငံရေးအသွင်ပြောင်းခြင်းနှင့် နိုင်ငံရေးကို စစ်ရေးအသွင်ပြောင်းခြင်းသည် အလွန်အန္တရာယ်များကြောင်း ၎င်းက ဖော်ပြခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
အိန္ဒိယ-ပါကစ္စတန်နယ်စပ်ကြားထဲ အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြီး Biparjoy တစ်လုံး ဇွန်လ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် ဝင်ရောက်နိုင်ဖွယ်ရှိနေသည့်အတွက်ကြောင့် ပြည်သူများ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း