သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်တွင် ဝက်သက်ရောဂါဖြစ်ပွား၍ ပြည်သူ ၃၀၀ နီးပါး သေဆုံး

AB News – မေ ၄ ၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝန်းတွင် ဝက်သက်ရောဂါပြင်းထန်စွာဖြစ်ပွားနေပြီး ရက်ပေါင်း ၅၀ အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၀၀ နီးပါး သေဆုံးသွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာန(DGHS)မှ ယမန်နေ့ မေလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာန(DGHS) ၏ မေ ၃ ရက်နေ့ထုတ်ပြန်ချက်အရ နောက်ဆုံး ၂၄ နာရီအတွင်း ဝက်သက်ရောဂါကြောင့် လူ ၁၀ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါသေဆုံးမှုများအပါအဝင် မတ် ၁၅ ရက်မှ မေ ၃ ရက်အထိ ရက်ပေါင်း ၄၉ ရက်အတွင်း ဝက်သက်နှင့် ဆက်စပ်ရောဂါလက္ခဏာများကြောင့် သေဆုံးသူ စုစုပေါင်း ၂၉၄ ဦးရှိလာခဲ့သည်ဟု သိရသည်။

ထို့အပြင် မေလ ၂ ရက်နေ့တွင် ဝက်သက်ရောဂါအတည်ပြုလူနာသစ် ၉၅ ဦးနှင့် ဝက်သက်သံသယလူနာ ၁,၁၆၆ ဦးကို မှတ်တမ်းတင်တွေ့ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝက်သက်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး လူတစ်ဦးမှ တစ်ဦးသို့ လျင်မြန်စွာ ကူးစက်နိုင်သည်။

အဖျားကြီးခြင်း၊ အသားအရေပေါ်တွင် အဖုအပိမ့်များ ပေါ်ပေါက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ပြင်းထန်သောအခြေအနေများတွင် အသက်ဆုံးရှုံးနိုင်သည့်အထိ ဖြစ်ပေါ်နိုင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက သတိပေးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ