သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နမ့်ဆန်မြို့တွင် မြန်မာကျပ်ငွေ ဘီလီယံ (၂၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို TNLA မီးရှို့ဖျက်ဆီး

AB News – ဇွန်၂၇၊ ၂၀၂၆

နမ့်ဆန်မြို့တွင် နိုင်ငံတကာမူးယစ်ဆေးဝါးအလွှဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို PSLF/ TNLA မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် နိုင်ငံတကာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် PSLF/ TNLA မှ ကာလတန်ဖိုး မြန်မာကျပ်ငွေ ဘီလီယံ (၂၀) ကျော် တန်ဖိုးရှိ မှုးယစ်ဆေးဝါးများများကို ယမန်နေ့ ဇွန်လ (၂၆) ရက်နေ့က ပြည်သူများ ရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

၎င်းမူးယစ်ဆေးဝါးများမှာ PSLF/TNLA က ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများဖြစ်ပြီး ဘိန်းဖြူ ၁၀၈.၇၄ ကီလိုဂရမ်၊ ယာမစိတ်ကြွဆေးပြား ၆၁၆.၃ ကီလိုဂရမ်နှင့် ဘိန်းမည်း ၁၉. ၄၀၉ ကီလိုဂရမ် တို့ကိုဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ အခမ်းအနားသို့ PSLF/ TNLA ဒုတိယဥဏ္ဍဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဇိုက်ဇာရ်၊ အထွေထွေအုပ်ချုပ်ရေးဌာနမှုး ဗိုလ်မှုးချုပ် တားဂူဇာရ်၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် တားဂေါင်ဆဲင်၊ မဟာမိတ်ဆက်ဆံရေးဌာနမှုး ဗိုလ်မှုးကြီး တားမိုးဟိန်း၊ ရဲချုပ် ဗိုလ်မှုးကြီး တားကုင်ခြီရ်တို့အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူလူထု စုစုပေါင်းလူဦးရေ ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

(ဓာတ်ပုံ – PSLF/TNLA)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ