သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
RSO အဖွဲ့မှ နတ်မြစ်အတွင်းရှိ ကျွန်း ၅ ကျွန်းအား ယာဘ စိတ်ကြွဆေးပြား သိုလှောင်ရုံများအဖြစ် အသုံးပြုနေကြောင်း ဒေသခံများ စွပ်စွဲ

AB News – စက်တင်ဘာ ၁၂၊ ၂၀၂၆

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ နတ်မြစ်အတွင်းတည်ရှိသော ကျွန်း ၅ ကျွန်းသည် RSO အဖွဲ့ ၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး ယာဘ မူးယစ်ဆေးဝါးများ သိုလှောင်ရာ စက်ရုံ/ဂိုဒေါင်များအဖြစ် အသုံးပြုခံနေရကြောင်း ဒေသခံများက စွပ်စွဲပြောဆိုထားကြသည်။

ဒေသခံများက “နတ်မြစ်ကျွန်းများ” ဟု ခေါ်ဆိုကြသည့် ထိုကျွန်း ၅ ကျွန်းမှာ လာလ်ဒီးယားကျွန်း (Laldia Island)၊ ခဲရဲရ်ဒီးယား (Khererdia)၊ ဟောက်ဆာဒီးယား (Houserdia)၊ တိုတာဒီးယား (Totardia) နှင့် ဂျိုအီလာဒီးယား (Joillardia) တို့ဖြစ်ကြသည်။

ပါလောင်ခါလီ (Palongkhali) ဒေသခံတစ်ဦး၏ အဆိုအရ RSO အဖွဲ့ဝင်များသည် ထိုကျွန်းများပေါ်တွင် အခြေစိုက်ထားပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်အချို့၏ ကူညီပံ့ပိုးမှုကြောင့် ဖမ်းဆီးခံရခြင်းမရှိဘဲ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်နေကြခြင်းဖြစ်သည်ဟု သိရသည်။

RSO အဖွဲ့များ တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော်လည်း မူဆလင် အသိုက်အဝန်းအတွက် တစ်စုံတစ်ရာ အကျိုးပြုခဲ့ခြင်းမရှိဘဲ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းများနှင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာ လုပ်ဆောင်ခဲ့ကြကြောင်း ဒုက္ခသည်များက ပြောကြားသည်။

၂၀၁၇ ခုနှစ်မှ ယနေ့အထိ ပြီးခဲ့သည့် ၉ နှစ်တာကာလအတွင်း RSO အဖွဲ့သည် ဒုက္ခသည်စခန်းများအတွင်း ပစ်မှတ်ထား လုယက်သတ်ဖြတ်မှုများ၊ ပြန်ပေးဆွဲ ငွေတောင်းယူမှုများ၊ မူးယစ်ဆေးဝါး ကုန်ကူးမှုများနှင့် လက်နက်မှောင်ခိုမှုများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း ၎င်းတို့က စွပ်စွဲထားကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “RSO အနေနဲ့ မူဆလင်တွေအတွက် စေတနာမှန်နဲ့ အမှန်တကယ် လုပ်ဆောင်ပေးချင်တယ်ဆိုရင် ပြည်သူတွေကို မျှော်လင့်ချက်ပေးနိုင်ဖို့ လာမယ့် ၁၀ နှစ်အတွင်း ရေရေရာရာ အကောင်အထည်ပြပြ ရလဒ်ကောင်းတွေကို သက်သေပြသင့်ပါတယ်” ဟု ပြောဆိုခဲ့သည်။

လက်ရှိတွင် နတ်မြစ်တစ်လျှောက်ရှိ အဆိုပါကျွန်းများသည် မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရာ အဓိက လမ်းကြောင်းနှင့် စခန်းများ ဖြစ်လာသောကြောင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

Ref; Arakan Rohingya Network

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ