သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးမှုများကို ULA/AA အားတိုက်အင်တိုက် ဆောင်ရွက်နေ

AB News – စက်တင်ဘာ ၁၀၊ ၂၀၂၆

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) သည် မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးမှုများကို အားတိုက်အင်တိုက်ဆောင်ရွက်နေကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် ULA/AA ၏ ပါတီမြို့နယ်ရုံးနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်းကာ အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ဆမီးမြို့ထဲတွင် သွေးလွန်တုတ်ကွေး ရောဂါကာကွယ်ရေးအသိပညာပေး ဆိုင်းဘုတ်များစိုက်ထူခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသများရှိ အရပ်သား ပြည်သူလူထု၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသန္တရ အုပ်ချုပ်ရေး ယန္တရားများကို အခြေပြု၍ လူထုအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အထူးသဖြင့် မိုးရာသီကာလအတွင်း ရက္ခိုင်ဒေသအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ၎င်းတို့ အခြေစိုက်လှုပ်ရှားရာ နေရာများတွင် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများနှင့် လူနေရပ်ကွက်များသို့ သွားရောက်ကာ ခြင်သတ်ဆေးဖြန်းခြင်း၊ ရေတွင်း ရေကန်များ၌ အဘိတ် (Abate) ဆေးခတ်ခြင်း အပါအဝင် ပြည်သူ့အကျိုးပြု ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဒေသခံ အုပ်ချုပ်ရေး ကော်မတီများနှင့် ပူးပေါင်း၍ အစဉ်တစိုက် လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

Photo – Arakan Bay News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ