သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ပြည်ပအရက် တင်သွင်းရောင်းချခွင့် ACB က လေလံခေါ်ယူ

AB News – ဇူလိုင် ၂၁၊ ၂၀၂၆

ရက္ခိုင်ပြည်အတွင်း ပြည်ပမှ အရက်တင်သွင်းရောင်းချလိုသည့် ကုမ္ပဏီများအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အရက်ထိန်းချုပ်ရေးဘုတ်အဖွဲ့ (Alcohol Control Board – ACB) က ပြည်ပ အရက်တင်သွင်းရောင်းချခွင့် လိုင်စင်များကို ပွင့်လင်းမြင်သာသော လေလံစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလိုင်စင်များသည် ၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်စာအတွက် ပွင့်လင်းမြင်သာသော လေလံစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

လေလံလျှောက်ထားလိုသည့် ကုမ္ပဏီများအနေဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအုပ်ချုပ်ရေးဌာနနှင့် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးရုံးများတွင် ဇူလိုင်လ ၂၀ ရက်နေ့မှစတင်၍ လေလံလျှောက်လွှာများကို တစ်စောင်လျှင် ကျပ် ၃၀,၀၀၀ နှုန်းဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

လေလံလျှောက်လွှာများကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာ ဗဟိုအုပ်ချုပ်ရေးဌာန သို့မဟုတ် ခရိုင်အုပ်ချုပ်ရေးရုံးများတွင် တင်သွင်းလျှောက်ထားနိုင်မည်ဖြစ်ကြောင်း ACB က အသိပေးထားသည်။

ထို့ပြင် လေလံတင်ရောင်းချမည့် အစီအစဉ်ကို နံနက် ၈ နာရီခွဲ တွင် စတင်ကျင်းပမည်ဖြစ်သော်လည်း ကျင်းပမည့် ရက်စွဲနှင့် နေရာအသေးစိတ်ကို သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးရုံးများ၌ လာရောက်စုံစမ်းမေးမြန်းနိုင်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ၊ အရက်ထိန်းချုပ်ရေးဘုတ်အဖွဲ့ ACB က အသိပေးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ