သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့တွင် လူမနေသည့် နေအိမ်တစ်လုံး မီး‌လောင်ပြာကျ


AB News – ​ဇွန် ၃၊ ၂၀၂၆

​ရက္ခိုင်ပြည်၊ မောင်တောမြို့တွင် ယနေ့ မွန်းလွှဲ ၁၂ နာရီခန့်အချိန်က လူမနေသည့် နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့ကြောင်း မြို့ခံများက ဆိုကြသည်။

မောင်တောမြို့၊ မောင်နီ ရပ်ကွက် (၈) ရှိ  ဦးအီစီမစ် (၃၀)နှစ် ပိုင်ဆိုင်သော နေအိမ် မီးလောင်ပြာကျခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

​မီးလောင်မှုဖြစ်ပွားရာ မောင်နီ ရပ်ကွက် (၈) သည် လက်ရှိတွင် လူသူအရောက်အပေါက်နည်းပါးပြီး လူမနေသည့် ရပ်ကွက်တစ်ခုဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

“မီးလောင်မှုဖြစ်ပွားခဲ့တဲ့ မောင်နီ ရပ်ကွက် (၈) မှာ နေထိုင်သူ မရှိသလောက်ပါပဲ။ လမ်းသွားလမ်းလာတွေရဲ့ ဆေးလိပ်မီးကြောင့် မီး‌လောင်မှုဖြစ်ပွားခဲ့တာလို့ သိရတယ်” ဟု မြို့ခံတစ်ဦးက ဆိုကြသည်။

​အဆိုပါ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအသေးစိတ်အား သက်ဆိုင်ရာမှ ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင်လည်း မောင်တောမြို့၊ မောင်နီ ရပ်ကွက် (၈)အတွင်း မီးလောင်မှုဖြစ်ပွား၍  နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ရသည်။


ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ