သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ်ကို စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှုကြောင်း ​ပြည်သူပိုင်နေအိမ်  (၇) လုံးပျက်စီး

AB News – သြဂုတ် ၁၃၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကို ယမန်နေ့ သြဂုတ်လ (၁၂) ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူနေအိမ် (၇) လုံးပျက်စီး ခဲသည်ဟု အာရက္ခတပ်​တော် AA ၏ ထုတ်ပြန်ချက်အရသိရသည်။

ယမန်နေ့ သြဂုတ်လ (၁၂) ရက်နေ့၊ ညနေ (၉) နာရီ အချိန်ခန့်တွင် စစ်ကော်မရှင်တပ်မှ ကိုင်းခုံကျေးရွာသို့ ဂျက်တိုက်လေယာဥ် (၁) စီးဖြင့် ဗုံး (၄) လုံး ကြဲချတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေ​ကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများမှာ ထိခိုက်ဒဏ်ရာရှိမှု မရှိသော်လည်း ​ပြည်သူပိုင်နေအိမ် (၇) လုံးပျက်စီးဆုံးရှုံးသွားခဲ့ရကြောင်း AA ကဆိုသည်။

အလားတူ သြဂုတ် (၁၂) ရက်နေ့တွင်လည်း အာရက္ခတပ်တော်ထိန်းချုပ်နေမြေဖြစ်သည့် ပလက်ဝမြို့နယ်၊ ဆမီမြို့ ၊ အမှတ် (၂) ရပ်ကွက်ကို ညဥ့် (၁၁) နာရီကျော် အချိန်ခန့်တွင် (၄) ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့သည်။

ထိုသို့လေကြောင်း တိုက်ခိုင်မှုအတွင်း အသက် (၁၆) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး (၈) ဦးဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ