သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ်၊ ကမ်းသာယာကမ်းခြေတွင် ရေဆင်းကူးသည့် စစ်ဘေးရှောင်တစ်ဦးအပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံး

AB News – အောက်တိုဘာ ၂၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဂွမြို့နယ်ရှိ ကမ်းသာယာကမ်းခြေတွင် ယမန်နေ့ အောက်တိုဘာ ၂၈ ရက်၊ မွန်းလွဲပိုင်းက လူငယ်တစ်စု ရေဆင်းကူးရာမှ ဧရာဝတီတိုင်းမှ လာရောက်စစ်ဘေးရှောင်နေသည့် ကလေးငယ်တစ်ဦးနှင့် ဒေသခံ လင်းမယား အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် လူငယ်တစ်စုသည် ကမ်းသာယာကမ်းခြေသို့ သွားရောက်၍ ပင်လယ်ရေ ဆင်းကူးစဉ် ရေနစ်မြှုပ်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရေနစ်သေဆုံးသူ ၄ ဦးမှာ ကမ်းသာယာကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မမေပိုးအိမ်၊ အသက် ၂၀ အရွယ် မသက်နှင်းဝေ၊ အသက် ၂၄ နှစ်အရွယ် မောင်ထွန်းလင်းနိုင် နှင့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှ လာရောက်စစ်ဘေးရှောင်နေသည့် အသက် ၁၄ နှစ်အရွယ် မောင်ဇွဲနေသွေး တို့ ဖြစ်ကြသည်။

သေဆုံးသွားသူများအနက် မသက်နှင်းဝေ နှင့် မောင်ထွန်းလင်းနိုင် တို့မှာ ဂွဒေသခံ လင်းမယား (၂) ဦးဖြစ်ပြီး၊ ရေနစ်သေဆုံးသွားသည့် လူငယ် ၄ ဦး၏ ရုပ်အလောင်းများကို ယနေ့ အောက်တိုဘာ ၂၉ ရက်၊ နံနက်ပိုင်းတွင် သက်ဆိုင်ရာက သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဂွမြို့နယ်၊ ဇီကုန်းကျေးရွာအနီးရှိ ကမ်းသာယာကမ်းခြေသည် ရန်ကုန် – သံတွဲ ကားလမ်းမဘေးတွင် တည်ရှိပြီး သာယာလှပသည့် ပင်လယ်ကမ်းခြေတစ်ခု ဖြစ်သော်လည်း ရေစီးကြောင်းအပြောင်းအလဲနှင့် ဒီရေတက်ချိန်များတွင် ရေကူးသူများ အန္တရာယ်ရှိနိုင်သဖြင့် ဒေသခံများနှင့် ခရီးသွားများအနေဖြင့် အခြေအနေကို အထူးသတိပြုကြရန်လိုအပ်ကြောင်း နီးစပ်သူများက ပြောဆိုသည်။

ပုံ – Koe Soe Lwin

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ