
AB News- အောက်တိုဘာ ၂၂၊ ၂၀၂၆
အဉ္ဇနပူရမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၂၂ ရက်၊ နံနက်အစောပိုင်း ၁၂ နာရီ ကျော်ခန့်အချိန်တွင် အဉ္ဇနပူရမြို့၊ မြို့သစ်ရပ်ကွက်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွင် အဉ္ဇနပူရမြို့၊ မြို့သစ်ရပ်ကွက်၊ ဘုရားတကာလမ်းတွင်နေထိုင်သည့် အဖ ဦးယိုင်ထွန်း၏ သမီး အသက် ၂၉ နှစ်အရွယ် မသိန်းနုချေမှာ အောက်မေးစေ့တွင် ဗုံးစထိမှန်ကာ ဒဏ်ရာရသွားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်သည် ဝီရဌာနီမြို့နှင့် ရွာ ၂ ရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ပုဏ္ဏားကျွန်း-စစ်တွေအစပ်နှင့် ဝီရဌာနီ-စစ်တွေအစပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကော်မရှင်တပ်သည့် အာရက္ခတပ်တော်ထံ အရှုံးနှင့်ရင်ဆိုင်နေရကာ ဆုတ်ခွာပြေးနေရသဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများနေထိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ပြီး စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်။