သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း​မြို့နယ်ရှိ ဗျာလ စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရ၊ ၆ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရ

AB News – အောက်တိုဘာ ၄၊၂၀၂၆

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗျာလစစ်ဘေးရှောင်စခန်းကို ယနေ့ ညနေပိုင်းတွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စခန်းအတွင်း မီးလောင်ကျွမ်းပြီး စစ်ဘေးရှောင် ၆ ဦးခန့်သေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးက ပုဏ္ဏားကျွန်းမြို့နယ်၊ ဗျာလစစ်ဘေးရှောင်စခန်းအနီးရှိ ဝပ်​ရှော့ဆိုင်​ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက AB News သို့အတည်ပြုပြောဆိုသည်။

အဆိုပါဂျက်တိုက်လေယာဉ်က ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် စစ်ဘေးရှောင်စခန်းအတွင်း မီးလောင်ကျွမ်းခဲ့ကာ လူနေအိမ် ၄ ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၆ သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသော်လည်း ဒဏ်ရာရသူများ၏ အခြေအနေအသေးစိတ်နှင့် ထိခိုက်ပျက်စီးမှု ပမာဏကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းအပြင် ယမန်နေ့ အောက်တိုဘာ ၃ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကို စစ်ကော်မရှင်တပ်က  Y-12 လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦး အပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ