
AB News – စက်တင်ဘာ ၂၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်ကော်မရှင်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၃၈ မိနစ်ခန့်တွင် စစ်ကော်မရှင်တပ်သည် ဂျက်တိုက်လေယာဉ် ၁ စီးဖြင့် သံတွဲမြို့နယ်၊ ငပလီမြို့သို့ လာရောက်ပြီး ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ် အချက်အလက်များကို AB News မှ ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။