သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် အိန္ဒိယဈေးကို စစ်ကော်မရှင်တပ် လေကြောင်းမှ ဗုံးကြဲ၊ ထိခိုက်သေဆုံးမှု များပြား

AB News – စက်တင်ဘာ ၂၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရှိ လူစည်ကားရာ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတား အနီးဝန်းကျင်တို့ကို စစ်ကော်မရှင်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် ဂျက်တိုက်လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဈေးရောင်းဈေးဝယ် ပြည်သူများနှင့် လမ်းသွားလမ်းလာများ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် စစ်ကော်မရှင်တပ်၏ ဂျက်တိုက်လေယာဉ် ၂ စီးသည် ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတား အနီးဝန်းကျင်သို့ ရောက်ရှိလာပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယဈေးအတွင်းရှိ ဈေးသည်များ၊ အရပ်သား ပြည်သူများနှင့် လမ်းသွားလမ်းလာ အများအပြား ဗုံးစထိမှန်ကာ သေဆုံးခြင်းနှင့် ပြင်းထန်ဒဏ်ရာ ရရှိခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်သေဆုံးသူ အရေအတွက် အသေးစိတ်ကို AB News မှ ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။

ပုံ – Arakan Bay New

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ