သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကော့စ်ဘဇား မူဆလင်ဒုက္ခသည်စခန်း၌ ARSA တပ်မှူးတစ်ဦး အပါအဝင် နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ဖမ်းဆီး

AB News – ဩဂုတ် ၂၀၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင် (Cox’s Bazar) ၊ အူခီယာ (Ukhiya) ရှိ မူဆလင် ဒုက္ခသည်စခန်းအတွင်း အကြမ်းဖက် ARSA အဖွဲ့မှ ထိပ်တန်းတပ်မှူးတစ်ဦးနှင့် အဖွဲ့ဝင်တစ်ဦးတို့အား လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၁၉ ရက် (ဗုဒ္ဓဟူးနေ့) ည ၉ နာရီခန့်တွင် အူခီယာမြို့နယ်ရှိ စခန်းအမှတ် (၆) ဧရိယာအတွင်း အမှတ် (၁၄) လက်နက်ကိုင်ရဲတပ်ရင်း (APBN) က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ARSA တပ်မှူးဖြစ်သူ မိုဟမ္မဒ် အလမ် (ခေါ်) မူဆာ (၄၀ နှစ်) နှင့် အဖွဲ့ဝင် အဗ္ဗဒူ ဟာဖက်ဇ် (၂၂ နှစ်) တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း APBN ရဲတပ်ရင်းမှူး မိုဟမ္မဒ် စီရတ်ဂျ် အာမင် က အတည်ပြုပြောကြားသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့ကလည်း ရာဇဝတ်မှုများဖြင့် အလိုရှိနေသည့် ARSA တပ်မှူးဟောင်း နူရ်အာမတ် (Nur Ahmed) ကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ၅ ရက်အကြာတွင် ယခုကဲ့သို့ ထိပ်တန်းခေါင်းဆောင်ပိုင်းများကို ထပ်မံဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

စခန်းများအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတိုးမြှင့်ရန် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များ၏ ဆက်တိုက်ဆိုသလို ဖိအားပေး စစ်ဆင်ရေးများကြောင့် ARSA အဖွဲ့၏ လှုပ်ရှားမှုများ ပိုမို အကျပ်အတည်းတွေ့လာနေချိန်တွင် ယခုကဲ့သို့ ဖမ်းဆီးရမိမှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

Ref; Daily Times Of Bangladesh

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ