
AB News – သြဂုတ် ၁၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နယ်ခွဲ၊ ချက်ဖောက်ကျေးရွာတွင် ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်နေသည့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးမှာ ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က ၎င်းနေအိမ်၌ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။
ကြိုးဆွဲချ သေဆုံးခဲ့သူမှာ ကျောက်ဖြူမြို့နယ်၊ မြို့ချောင်းကျေးရွာမှ အသက် ၇၂ နှစ်အရွယ် ဦးမောင်သင်ထွေး ဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
“ကျမရဲ့ ဦးလေးဟာ အဲဒီနေ့မနက်က ဘုန်းကြီးကျောင်းကို ဥပုသ်သီလခံယူဖို့ သွားတယ်။ သူ့ရဲ့အိမ်က မိသားစုဝင်တွေကလည်း အလုပ်လုပ်ဖို့ သွားကြပါတယ်။ ဦးလေးဟာ ဘုန်းကြီးကျောင်းက ပြန်လာပြီး အိမ်မှာ မိသားစုဝင်တွေ မရှိတဲအချိန်မှာ ကြိုးဆွဲချ သေဆုံးခဲ့တာပါ” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။
ဦးမောင်သင်ထွေး ကြိုးဆွချ သေဆုံးမှုမှာ မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာမရှိကြောင်းနှင့် ၎င်း၏ရုပ်အလောင်းအား ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့တွင် မအီမြို့နယ်ခွဲ၊ ချက်ဖောက်ရွာ သုသာန်၌ သဂြိုလ်ခဲ့ကြောင်း မိသားစုဝင်များက ဆိုကြသည်။