သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား-ပေါက်တော ကားလမ်းတစ်လျှောက် အရိပ်ရသစ်ပင် ၁၆၀ ခန့်စိုက်ပျိုး

(ဓာတ်ပုံသတင်း)
AB News – ဇူလိုင် ၂၃၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ် မင်းပြား – ပေါက်တော ကားလမ်းတစ်လျှောက်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု လျော့ပါးရေး နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ လမ်းဘေးဝဲယာတွင် သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုတစ်ရပ်ကို ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုး​ခြင်းကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ဦးဆောင်ခဲ့ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက်ရှိ မြို့နယ်နှင့် တိုက်နယ် အုပ်ချုပ်ရေးဌာနများမှ တာဝန်ရှိသူများ၊ သစ်တောဝန်ထမ်းများ၊ လူငယ်နှင့် အမျိုးသမီး အင်အားစုများအပြင် ဒေသခံပြည်သူများက ပူးပေါင်းပါဝင်ခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုကို နေ့လယ် ၁ နာရီခွဲမှ ညနေ ၅ နာရီအထိ ဆောင်ရွက်ခဲ့ပြီး၊ အရှည်ပေ ၃,၂၀၀ ရှိ လမ်းပိုင်းတစ်လျှောက်တွင် ပေ ၂၀ အကွာအဝေးစီဖြင့် စိန်ပန်းပင် ၅၀ ပင်နှင့် မြိုင်စံရှားပင် ၁၁၀ ပင်၊ စုစုပေါင်း သစ်ပင် ၁၆၀ ပင်ကို စနစ်တကျ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ လမ်းဘေးသစ်ပင်များ စိုက်ပျိုးခြင်းသည် ကာဗွန်စုပ်ယူနိုင်စွမ်း (Carbon Sequestration) ကို မြှင့်တင်ပေးနိုင်သည့်အပြင် လမ်းအသုံးပြုသူများအတွက် အရိပ်အာဝါသ ဖန်တီးပေးခြင်း၊ ဒေသ၏ ဇီဝမျိုးစုံမျိုးကွဲ (Biodiversity) ကို ထိန်းသိမ်းပေးခြင်းနှင့် စိမ်းလန်းသော အခြေခံအဆောက်အအုံ (Green Infrastructure) တည်ဆောက်ရာတွင်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဒေသခံများက မျှော်လင့်နေကြသည်။

Photo -AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ