သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ်တွင် ကျေးရွာ ၁၀ နီးပါး ရေနစ်မြုပ်နေ



AB News – ဇူလိုင် ၁၃၊ ၂၀၂၆

ဂွမြို့နယ်ရှိ ကျေးရွာ ၁၀ နီးပါးမှာ ယမန်နေ့ ဇူလိုင် ၁၂ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနစ်မြုပ်နေကြောင်း သိရသည်။

အဆိုပါကျေးရွာများမှာ ရဟိုင်ဖျား၊ ရွာသစ်ကုန်း၊ ကုလားပြင်၊ ရေကျော်၊ ဘဝင် အပါအဝင် ပေါက်တူး ကျေးရွာအုပ်စု၊ ဒေါင်းချောင်း ကျေးရွာအုပ်စု တို့ဖြစ်ကြောင်း ကနဦးသိရသည်။

လက်ရှိမှာ ရေနစ်မြုပ်နေသော ကျေးရွာများမှ ဒေသခံများမှာ နီးစပ်ရာ ကုန်မြင့်ဒေသများသို့ အရေးပေါ်ပြောင်းရွှေ့နေထိုင်နေကြပြီး အရေးပေါ် စားနက်ရိက္ခာ အကူအညီနှင့် နေရာထိုင်ခင်းများအတွက် အမိုးအကာများ အရေးတကြီးလိုအပ်နေကြောင်း သိရသည်။

ရက္ခိုင်ရှိ မြို့နယ် ၇ ခုထက်မနည်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့မှ စတင်၍ ရေကြီးရေလျှံမှုများကို ကြုံတွေခဲ့ရပြီး အဆိုပါ မြို့နယ်များတွင် ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့က ရေကျဆင်းခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး ရက္ခိုင်ပြည်ရှိ စစ်တွေ၊ မောင်တောနှင့် ကျောက်ဖြူ မြို့နယ်များတွင် မိုးကြီးခြင်း၊ နေရာကွက်၍ အလွန်ပို၍မိုးကြီးခြင်း (Heavy to Very Heavy Rain) ရွာသွန်းနိုင်ပြီး ကမ်းရိုးတန်းတလျှောက် လေပြင်းတိုက်ခိုက်ခြင်း၊ လှိုင်းကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း MMWeather မှ ထုတ်ပြန်ထားသည်။

(ဓာတ်ပုံ – Ko Gyi Kyaw Gwa)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ