
AB News – ဇူလိုင် ၁၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်း ယခုနှစ် ဇွန်လ ပထမအပတ်မှ စတင်ရောင်းချခဲ့သည့် ပထမအကြိမ်အာရက္ခလောင်ပေါ် ကံစမ်းမဲ (ရက္ခိုင်ထီ) ကျပ်သိန်း ၅၀၀ ဆုကို ကျောက်တော်မြို့မှ ကံထူးသွားခဲ့ကြောင်း သိရသည်။
ကျပ်သိန်း ၅၀၀ ဆုကံထူးရှင်မှာ ကျောက်တော်မြို့မှ ဒေါ်မသန်းယီဖြစ်ပြီး လောင်ပေါ် ပေါက်မဲနံပါတ် 323692 ဖြင့် ကံထူးသွားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် နောက်ထပ် လောင်ပေါ် (ရက္ခိုင်ထီ) ဆုကြီးဖြစ်သည့် ကျပ်သိန်း ၃၀၀ ဆု ကံထူးရှင်ကိုလည်း သိရှိရပြီဖြစ်သည်။
ကျပ်သိန်း ၃၀၀ ကံထူးရှင်မှာ မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့မှ ဦးနေဝင်းထွေးဖြစ်ပြီး လောင်ပေါ်ပေါက်မဲနံပါတ် 116482 ဖြင့် ကံထူးသွားခဲ့ခြင်းဖြစ်သည်။
တတိယဆုကြီး ကျပ်သိန်း ၂၀၀ ဆု၏ ကံထူးရှင်၊ စတုတ္ထဆုကြီး ကျပ်သိန်း ၅၀ ဆု ၆ ဆု၏ ကံထူးရှင်များ၊ ကျပ်သိန်း ၁၀ ဆု ၁၀ ၏ ကံထူးရှင်များနှင့် ကျပ် ၅ သိန်းဆု ၂၀ ဆု၏ ကံထူးရှင်များကို AB News မှ စုံစမ်းနေဆဲဖြစ်သည်။
လောင်ပေါ်ကံထူးရှင်များအနေဖြင့် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆုငွေများကို ထုတ်ယူနိုင်မည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများက အသိပေးထားသည်။
အာရက္ခလောင်ပေါ်အား အာရက္ခပြည့်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ လောင်ပေါ်ဌာနခွဲတို့မှ ပထမဆုံးအကြိမ်ဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။