သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျိန္တလီမြို့နှင့် ရေကျော်ရွာ ဗုံးကြဲမှုအတွင်း ဒဏ်ရာရရှိသူတစ်ဦး ထပ်မံသေဆုံး

AB News – ဇွန် ၃၀၊ ၂၀၂၆

ဇွန်လ ၂၆ ရက်နေ့က ကျိန္တလီမြို့နှင့် ရေကျော်ရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရရှိခဲ့သူ ၆ ဦးအနက် ကလေးငယ်တစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။

သေဆုံးခဲ့သူမှာ ဂွမြို့နယ်၊ ရေကျော်ကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မောင်ထက်မြတ်သူ ဖြစ်ကြောင်း သိရသည်။
ဗုံးကြဲမှုအတွင်း မောင်ထက်မြတ်သူ ၏ ညာဘက်‌ပေါင်နှင့် ညာဘက်လက် ပြတ်ထွက်သွားကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် ဇွန်လ ၂၈ ရက်နေ့၊ နေ့လည် ၁ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့၊ ညနေ ၃ နာရီခန့်အချိန်က ဂျက်ဖိုက်တာ တစ်စီးဖြင့် ရေကျော်ရွာ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး တစ်လုံး၊ စာသင်ကျောင်းအား ပေါင် ၃၀၀ ဗုံး တစ်လုံးနှင့် ကျိန္တလီမြို့၊ အမှတ် ၂ ရပ်ကွက်အတွင်းသို့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးကြဲမှုအတွင်း ဒဏ်ရာရရှိသူ ၆ ဦးထဲမှ ဦးဝေရာမင်း ၄၅နှစ်မှာ ဇွန်လ ၂၆ ရက်နေ့ ညနေ ၄ နာရီ၊ ၄၅ မိနစ်တွင် သေဆုံးခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့တွင် မောင်ထက်မြတ်သူမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ရကြောင်း မြေပြင်သတင်းရင်းမြစ်များက အတည်ပြုပြောဆိုကြသည်။

(ဓာတ်ပုံ – APM)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ