သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျိန္တလီမြို့ကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

AB News – ဇွန် ၂၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကော်မရှင်က ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။

ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့၊ နေ့လည် ၁ နာရီ၊ ၂၃ မိနစ်အချိန်ခန့်က ကျိန္တလီမြို့ရှိ သိပ္ပံလမ်းနှင့် ကိန္ဒရီလမ်းတို့ကို စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

”မနေ့က နေ့လည်ပိုင်းလောက်မှာ ဂျက်တိုက်လေယာဥ်နှင့် ဗုံးကြဲချသွားတာပါ။ သိပ္ပံလမ်းနဲ့ ကိန္ဒရီလမ်းမှာ ကျတယ်။ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရသွားခဲ့ကြတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါလေကြာင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြပြီး နေအိမ်တချို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် စစ်ကော်မရှင် လေတပ်မှ ဂျက်ဖိုက်တာ ၅ စီးဖြင့် ကျောက်တော်မြို့ပေါ်  ရပ်ကွက်များအပါအဝင် နေရာ ၆ ခုထက်မနည်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဗုံးကြဲမှုဖြစ်စဥ်အတွင်း ကနဦးသေဆုံးခဲ့သူ (၈) ဦးအထိရှိခဲ့ပြီး ဇွန်လ (၁၉) ရက်နေ့က သေဆုံးသူတစ်ဦး တိုးလာခဲ့သောကြောင့် လက်ရှိမှာ သေဆုံးသူ စုစုပေါင်း ၉ ဦးနှင့် ဒဏ်ရာရရှိသူ ၁၉ ဦးထိရှိခဲ့သည်။

(ဓာတ်ပုံ – Arakan Bay News)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ