သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ခမီမျိုးနွယ်စုရေးရာရုံး လည်ပတ်နိုင်ရန်အတွက် ပြည်ပရောက်ညီနောင် ပရဟိတအသင်းများမှ HDCO နှင့်ပူးပေါင်း၍ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့

AB News – ဇွန် ၁၇၊ ၂၀၂၆

ပုဏ္ဏားကျွန်းမြို့နယ်တွင် တည်ရှိသည့် ခမီမျိုးနွယ်စုရေးရာရုံး လည်ပတ်နိုင်ရန်အတွက် ပြည်ပရောက်ညီနောင် ၁၂ သင်း ဖွဲ့စည်းထားသည့် ပရဟိတအသင်းမှ HDCO နှင့် ပူးပေါင်းကာ ငွေကျပ် ၇၄ သိန်းတန်ဖိုးရှိ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ဇွန်လ ၁၄ ရက်နေ့က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပစ္စည်းများမှာ ပြည်ပရောက် ရက္ခိုင်လူမှုကူညီရေး ပရဟိတအသင်း ၁၂ သင်း စုပေါင်းဖွဲ့စည်းထားသည့် ပြည်ပရောက် ညီနောင်ပရဟိတအသင်းများ၏ ထည့်ဝင်လှူဒါန်းငွေများနှင့် ဝယ်ယူထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

“သွားရောက် ထောက်ပံ့ခဲ့တဲ့ ပစ္စည်းတွေကတော့ Computer HP (၁) လုံး၊ Printer.Epson (၁) လုံး၊ Solar 215 W (၁) ချပ်၊ Battery 80 MP (၁) လုံး၊ Luninous invitor (၁) လုံး ထောက်ပံ့ခဲ့တာပါ” ဟု ပြည်ပရောက်ညီနောင်ပရဟိတအသင်း တာဝန်ခံ ကိုခိုင်ထွန်းလင်းမှ AB News သို့ ပြောကြားသည်။

ထို့အပြင် ​​ပြည်ပရောက်ညီနောင် ပရဟိအသင်းမှ တစ်နေ့တည်းတွင် ကျောက်ဖြူစစ်ရှောင်စခန်းတစ်ခုအတွက် ငွေကျပ် ၄၅ သိန်းကို HDCO နှင့် ပူးပေါင်း၍ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

“​ကျွန်တော်တို့အသင်းဟာ ဒေသတွင်း တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ​ယဉ်ကျေးမှု၊ စာပေနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ပါဝင်နိုင်စေဖို့နဲ့ ရုံးလုပ်ငန်း လည်ပတ်မှု ကဏ္ဍတွေ ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီးတော့ အခုလို ထောက်ပံ့လှူဒါန်းရခြင်းဖြစ်ပါတယ်” ဟု ကိုခိုင်ထွန်းလင်းက ပြောကြားသည်။

​ထို့အပြင် အဆိုပါ ပြည်ပရောက် ရက္ခိုင်လူမှုကူညီရေး ပရဟိတအသင်း ၁၂ သင်း စုပေါင်းထားသည့် ညီနောင်အသင်းအနေဖြင့် ဒေသတွင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများအတွက်လည်း HDCO နှင့် ပူးပေါင်းကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ဆက်လက် လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်းလည်း သိရှိရသည်။

(ဓာတ်ပုံ – ပေးပို့)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ