သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့တွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ အာရက္ခသူနာပြုများအား ဂုဏ်ပြုမှတ်တမ်းတင်

AB News – မေ ၁၂၊ ၂၀၂၆

​ယနေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့တွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာန(APH) က အာရက္ခဒေသအတွင်းရှိ ရှေ့တန်းစစ်မျက်နှာပြင်များနှင့် အရပ်ဘက်ဆေးရုံ၊ ဆေးခန်းများတွင် ကိုယ်ကျိုးစွန့်တာဝန်ထမ်းဆောင်နေကြသည့် သူနာပြုများအား အထူးဂုဏ်ပြုမှတ်တမ်းတင်ကြောင်း သဝဏ်လွှာထုတ်ပြန်ခဲ့သည်။

အာရက္ခစစ်သည်တော်များနှင့် ပြည်သူများအတွက် အရပ်ဘက်-စစ်ဘက် သူနာပြုများသည် စစ်ကော်မရှင်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များကြားမှ ကျန်းမာရေးဝန်ဆောင်မှုများကို ရဲဝံ့စွာ တာဝန်ထမ်းဆောင် နေကြသည်။

အာရက္ခသူနာပြုများသာမက နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် သူနာပြုများ၊ ကမ္ဘာနှင့် မြန်မာအရပ်ရပ်ရှိ သူနာပြုအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ထားပြီး တော်လှန်ရေးကာလအတွင်း အသက်ပေးလှူသွားကြသည့် သူနာပြုများကိုလည်း ဦးညွှတ်ဂါရဝပြုထားသည်။

သူနာပြုများသည် အနာဂတ်အာရက္ခ ကျန်းမာရေးစနစ် တိုးတက်ရေးအတွက် အရေးကြီးသော အစိတ်အပိုင်းဖြစ်ပြီး ၎င်းတို့၏ စေတနာ၊ ကရုဏာတို့ကြောင့် ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၂၆ ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော “Our Nurses. Our Future. Empowered Nurses Save Lives” နှင့်အညီ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေဖြင့် သူနာပြုများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရေးနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု ကတိပြုထားသည်။

အာရက္ခပြည်သူ့ ကျန်းမာရေးဌာန အနေနှင့်လည်း အာရက္ခ သူနာပြုများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်နှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု ရှိစီရန် ဆက်လက် ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်းသိရသည်။

သဝဏ်လွှာ၏ အဆုံးသတ်တွင် အာရက္ခသူနာပြုများအားလုံး ကျန်းမာချမ်းသာစွာဖြင့် ပြည်သူ့အကျိုး ဆက်လက်သယ်ပိုးနိုင်ရန်နှင့် “အာရက္ခနိုက်တင်ဂေးလ်” များစွာ ထွက်ပေါ်လာစေရန် ဆုမွန်ကောင်းတောင်းရင်း ဂုဏ်ပြုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ