သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နတ်တလင်းမြို့နယ်တွင် စစ်ကော်မရှင်စစ်ကြောင်းက သက်ကြီးပိုင်း ၃ ဦးကို သတ်ဖြတ်၊ နေအိမ် ၄၀ ထက်မနည်း မီးရှို့ဖျက်ဆီး

AB News – မေ ၃၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်က နတ်တလင်းနယ် အ‌‌ရှေ့ဘက်ခြမ်း ကျေးရွာ ၃ ရွာမှ နေအိမ် ၄၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး သက်ကြီးပိုင်း ၃ ဦးကို ‌သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် နတ်တလင်းမြို့ အ‌‌ရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလားသော အင်အား ၄၀၀ ခန့်ပါ စကမ စစ်ကြောင်းသည် ဆီဆုံကျေးရွာနေ အဖိုးအိုတစ်ဦး နှင့် အဘွားအို နှစ်ဦးကို ပစ်သတ်ခဲ့ပြီး ၎င်းကျေးရွာမှ နေအိမ် ၁၄ ဆောင်ကို မီးရှို့ ခဲ့ပြီး၊ ရွာသာယာရွာ မှ နေအိမ် ၃ဆောင်နှင့် ကွမ်းစမ်းရွာမှ နေအိမ် ၂၅ဆောင် အပါအဝင် နေအိမ်စုစုပေါင်း ၄၂ ဆောင်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အင်အား ၄၀၀ ခန့်ပါသော စကမစစ်ကြောင်းတွင် နေပြည်တော် ရဲကွန်မန်ဒို စစ်ကြောင်း၊ သာယာဝတီခရိုင်၊ ပြည်ခရိုင်မှ စကမတပ်သားများနှင့် ပျူစောထီးတပ်များလည်းပါဝင်ပြီး ဆီဆုံကျေးရွာသို့ ဧပြီလ ၂၇ရက် မှ ၂၉ ရက်နေ့ အထိ ၃ ရက် ဆက်တိုက် လက်နက်ကြီးပစ်ခတ်မှုအပါအဝင် စက်တပ်‌လေထီးနှင့် နည်းပညာမြင့်ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဗုံးစထိမှန်၍ အရပ်သား နေအိမ် ၈၀ ကျော် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – Khit Thit Media

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ