သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေမြှုပ်မိုင်းနင်းမိ၍ ARSA အဖွဲ့ဝင်တစ်ဦး ခြေတစ်ဖက် ပြတ်ထွက်သွား

AB News – မတ် ၂၇၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်း ARSA အဖွဲ့ဝင်တစ်ဦး မြေမြှပ်မိုင်း နင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဒေသတွင်း မီဒီယားများတွင် ရေးသားဖော်ပြသည်ကို တွေ့ရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ မတ်လ ၂၆ ရက်နေ့၊ နေ့လယ် ၁ နာရီကျော်တွင် ကော့စ်ဘဇားခရိုင်၊ ယူခီယာ အူပါဇီလာရှိ အန်ဂျူမန် နယ်စပ်ရှိ နတ်မြစ်အနီးတွင် မိုင်းနင်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ထွက်သွားသည့် ARSA အဖွဲ့ဝင်မှာ အသက် ၂၅ နှစ်အရွယ် Mohammad Shahidul ဖြစ်ပြီး ၎င်းသည် Ukhia ရှိ Balukhali Refugee Camp (16) တွင် နေထိုင်သူတစ်ဦး ဖြစ်သည်။

မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် နတ်မြစ်တစ်လျှောက် ငါးဖမ်းရန် တံငါသည်များနှင့်အတူ ဒုက္ခသည်စခန်းမှ တရားမဝင်ထွက်ခွာခဲ့ကြောင်း စခန်းအတွင်းမှ မူဆလင်များက ဆိုကြသည်။

Mohammad Shahidul သည် မြစ်ကမ်းနံဘေးတွင် ငါးမျှားနေစဉ် မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့က ၎င်း၏ ညာဘက်ခြေကျင်းဝတ် ပြတ်တောက်သွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB) ၏ Ukhia 64 တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး Md Zahirul Islam က ဆိုထားသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဆိုထားသည်။

ဒေသခံများက Mohammad Shahidul ကို ကယ်တင်ခဲ့ပြီး အုခီယာ၊ ကူတူပါလောင်ရှိ MSF ဆေးရုံသို့ အလျင်အမြန်ပို့ဆောင် ပေးခဲ့ပြီးနောက် အဆင့်မြင့်ဆေးကုသမှုခံယူရန် Cox’s Bazar ခရိုင်ရှိ Sadar ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း Teknaf မြို့ရှိ Hoikang နယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် Lambabil ဒေသခံတစ်ဦး ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားခဲ့ကြောင်း သိရသည်။

ArakanBayNews #AB_News #Landmines #Injured #MemberOfARSA #Bangladesh

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ