သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် အကြမ်းဖက် ARSA အဖွဲ့ ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရ

AB News – မတ် ၂၁၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်ရှိ မူဆလင်ဒုက္ခသည်စခန်း အမှတ် (၁၅) တွင် အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် ARSA အဖွဲ့၏ ​ခေါင်း​ဆောင် ဆော်လိမ် (ခေါ်) လော်ဘော်ဆော်လိမ်မှာ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာ ပြင်းထန် ရရှိသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၀ ရက်နေ့ ည ၈ နာရီခန့်တွင် ဂျမ်တိုလီ (Jamtoli) ဈေးအတွင်း လူစည်ကားနေစဉ် အမည်မသိလက်နက်ကိုင်တစ်ဦးက သေနတ်ငယ်ဖြင့် အနီးကပ်လုပ်ကြံ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် ဈေးအတွင်းရှိ လူထုမှာ အထိတ် တလန့်ဖြစ်ပွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်များ အချိန်မီရောက်ရှိလာသော်လည်း ကျူးလွန်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

သေနတ်ဒဏ်ရာ ရရှိခဲ့သည့် ဆော်လိမ်ကို ဒုက္ခသည်စခန်းရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF)မှ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့သည်။

သေနတ်ကျည်မှာ ရင်ဘတ်မှ နောက်ကျောသို့ ဖောက်ထွက်သွားသည့်အတွက် ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရပြီး လက်ရှိတွင် ​​ဆေးဝါးကုသမှုခံယူနေရကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ အဆိုအရ အဆိုပါလုပ်ကြံမှုမှာ လက်နက်ကိုင်အဖွဲ့အစည်းများအကြား အားပြိုင်မှုဖြစ်နိုင်ပြီး ပစ်ခတ်သူမှာ RSO အဖွဲ့နှင့် ဆက်နွှယ်မှုရှိနိုင်သည်ဟု ယူဆထားသော်လည်း အသေးစိတ်စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

AB_News #Terrorist_ARSA_Leader #ARSA #RSO #Assassination_Attempt #Bangladesh #CoxsBazar #RefugeeCamp #Camp15 #Jamtoli #SecurityAlert #MSF

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ