သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြိတ်နှင့် တနင်္သာရီကြား သွားလာနေသည့် စစ်ကော်မရှင် စစ်ကားများ မိုင်းဆွဲခံရ၍ တပ်သား ၃၀ ခန့် သေဆုံး

AB News – မတ် ၂၁၊ ၂၀၂၆

တနင်္သာရီတိုင်း၊ မြိတ်မြို့မှ တနင်္သာရီမြို့သို့ ခေါက်တုံ့ခေါက်ပြန် သွားလာနေသည့် စစ်ကော်မရှင်၏ စစ်ကားများကို ပြည့်သူလွတ်‌မြောက်ရေးတပ်‌(PLA) က ၂ ကြိမ်ခန့် မိုင်းခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့‌ခြင်းကြောင့် စစ်ကော်မရှင်(စကမ)တပ်သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယမန့်နေ မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြိတ်မှ တနင်္သာရီဘက်သို့ တက်လာသည့် စစ်ကား ၂ စီးကို PLA နှင့် တော်လှန်ရေးတပ်ပေါင်းစုများက ပထမအကြိမ်မိုင်းခွဲတိုက်ခဲ့ပြီး ညနေပိုင်းအချိန် တနင်္သာရီမှ မြိတ်ဘက်သို့ ပြန်လာသည့် စကမ စစ်ကား ၇ စီးကို ဒုတိယအကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး‌နောက် လက်နက်ငယ်များဖြင့် နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။

ယင်းကဲ့သို့ နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် စစ်ကော်မရှင်၏ စစ်ကား နှစ်စီး နှင့် တပ်သား၃၀ ခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကော်မရှင်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သော်လည်း တော်လှန်ရေးတပ်ပေါင်းစုတို့ဘက်မှ အထိခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရှိရသည်။

ArakanBayNews #AB_News #PLA #Mine_attack #MilitaryCommission’cars #Myeik #Tanintharyi #Myanmar

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ