သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ခြေတုတစ်ဖက် အရေးပေါ် လိုအပ်နေတဲ့ စစ်တွေမြို့နယ်က စစ်ရှောင် ဦးမောင်ကျော်သန်း

Mar 22, 2026

ခြေတုသာရခဲ့မယ်ဆိုရင် ဦးလေးက အကြော်ပဲဖြစ်ဖြစ် တစ်ခုခုရောင်းစားမယ်ဆိုရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။ စားဝတ်နေရေးအတွက် နည်းနည်းပါးပါးလောက် ရှာကြံပြီး ဖြေရှင်းလို့ရမယ်လို့ ထင်ပါတယ်။ စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးမှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှာ ဦးမောင်ကျော်သန်း ဟာ မိသားစုနဲ့ မိမိကျေးရွာ(ကျောက်တန်းချေ) မှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်စဉ် စကမရဲ့ ခလရ ၂၃၂ (ပါဒလိတ်) တပ်ရင်းက ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းနင်းမိခဲ့တာကြောင့် ခြေတစ်ဖက်ပြတ်ထွက်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဦးမောင်ကျော်သန်းဟာ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုမှာ သူရဲ့ မိသားစုဝင်တွေနဲ့အတူ နေထိုင်နေဆဲပါ။ #AB_News#စစ်ကျန်#မြေမြှုပ်မိုင်း#ရက္ခိုင်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ