သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အယာတိုလာအလီခါမေနီ သေဆုံးကြောင်း အီရန်နိုင်ငံပိုင် မီဒီယာမှ တရားဝင်ကြေညာ

AB News – မတ် ၁ ၊ ၂၀၂၆

ယနေ့ မတ်လ ၁ ရက် နံနက်ပိုင်းတွင် အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းတွင် အဓိပတိ ခေါင်းဆောင် အယာတိုလာအလီခါမေနီ သေဆုံးပြီဖြစ်ကြောင်း တရားဝင် အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်သည် စနေနေ့တွင် အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုအပြီး ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အီရန်အစိုးရအနေဖြင့် ၎င်းတို့၏ အမြင့်ဆုံးခေါင်းဆောင် သေဆုံးမှုကို ပထမဆုံးအကြိမ် တရားဝင် ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။

အဓိပတိ အလီခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်းကို အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းမှ တင်ဆက်သူတစ်ဦးက မျက်ရည်စက်လက်ဖြင့် တုန်လှုပ်ချောက်ချားစွာ ကြေညာခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် ၄၀ ရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ကာလ အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အစဉ်အလာအရ အစ္စလာမ်ဘာသာဝင်များ၏ ဝမ်းနည်းခြင်းကာလကို ၄၀ ရက် သတ်မှတ်လေ့ရှိသည့်အတိုင်း ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့(IRGC)နှင့် ဆက်နွှယ်နေသည့် Fars သတင်းဌာနသည် အလီခါမေနီ၏ သမီးဖြစ်သူ၊ သမက်ဖြစ်သူနှင့် မြေးဖြစ်သူတို့မှာ လေကြောင်းတိုက်ခိုက် မှုများအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း သတင်းဖော်ပြခဲ့သည်။

ထို့ပြင် ခါမေနီ၏ ချွေးမဖြစ်သူတစ်ဦးလည်း အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်ဟု သတင်းများထွက်ပေါ်နေကြောင်း Fars က ထပ်လောင်းဖော်ပြထားသည်။

ယခင်က ခါမေနီ၏ ချွေးမနှင့် သမက်ဖြစ်သူတို့ သေဆုံးသည် ဆိုသော ကနဦးသတင်းများကို အီရန်ဘက်က ငြင်းဆိုခဲ့ဖူးသော်လည်း ယခုအခါ ၎င်းတို့ကိုယ်တိုင် သတင်းဌာနမှတစ်ဆင့် ထုတ်ဖော်ပြောကြားလာခြင်း ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ