
AB News – ဖေဖော်ဝါရီ ၃ ၊ ၂၀၂၆
စစ်ကော်မရှင်ထိန်းချုပ်ထားသည့် နယ်မြေများတွင် ရက္ခိုင်မှတ်ပုံတင် ကိုင်ဆောင်ထားသူများ ခရီးသွားလိုပါက ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာပါမှ ကားလက်မှတ်များ ရောင်းချပေးနေကြောင်း သတင်းရရှိသည်။
အလားတူ ရှမ်းမှတ်ပုံတင် ကိုင်ဆောင်ထားသူများအနေနဲ့လည်း လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ ကုန်းကြမ်းမြို့နယ်များမှ ဆိုပါက ထောက်ခံစာ လိုအပ်ကြောင်း သိရှိရသည်။
မန္တလေး မှတ်ပုံတင် ကိုင်ဆောင်သူများ အနေဖြင့် မိုးကုတ်မြို့နယ်နှင့် မကွေးမှတ်ပုံတင် ကိုင်တောင်ထားသူများအနေဖြင့် မကွေးမြို့နယ် ဖြစ်လျှင်လည်း ထောက်ခံစာ လိုအပ်ကြောင်း သိရှိရသည်။
ခရီးသွားလျှင် ထောက်ခံစာ မဖြစ်မနေ လိုအပ်သည့် မြို့နယ်စာရင်းများကို လာပို့ထားကြောင်း ရက္ခိုင်ဆိုလျှင် မည်သည့်မြို့မှမဆို ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာပါမှ လက်မှတ်ဖြတ်၍ ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ကားဂိတ်တစ်ခု၏ တာဝန်ရှိသူထံမှ သိရှိရသည်။
အလားတူ စစ်ကိုင်း မှတ်ပုံတင်ကိုင်ဆောင်သူအနေနှင့် မုံရွာ၊ ရွှေဘို၊ မြောင်မြို့နယ်မှ ဖြစ်ပါက ခရီးသွားထောက်ခံစာ ပါရမည်ဟု သိရှိရပါသည်။
အဆိုပါ ကြေညာချက်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးရှိ မှတ်ပုံတင်ကိုင်ဆောင်ထားသူများ အားလုံးအတွက် အကြုံးဝင်မည် မဟုတ်ဘဲ ၁၁/အားလုံး၊ ၁၃/ကမန(နိုင်)၊ ၁၃/လရန(နိုင်)၊ ၁၃/နမတ(နိုင်)၊ ၁၃/သပန(နိုင်)၊ ၁၃/ကကန(နိုင်)၊ ၉/မကန(နိုင်)၊ ၅/မရန(နိုင်)၊ ၅/မမန(နိုင်)၊ ၅/ရဘန(နိုင်)၊ ၈/မကန(နိုင်)တို့အတွက်သာ အကျုံးဝင်မည် ဖြစ်ကြောင်း သိရှိရသည်။