
AB News – ဇန်နဝါရီ ၃၁၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ လေဘိုရွာကို စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၇ ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း သ်ိရသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်တွင် နမီးကျေးရွာအုပ်စု၊ လေဘိုရွာကို စစ်ကော်မရှင်လေတပ်မှ ဂျက်ဖိုင်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လေဘိုရွာရှိ နေအိမ် ၁လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့၍ မိသားစုဝင် ၇ ဦး အပါအဝင် အိမ်ဘေးမှ ၁ဦး သေဆုံးခဲ့ရသည်။
သေဆုံးသူများမှာ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ဦး၊ အသက် ၁၃ နှစ်အရွယ် မိန်းကလေး ၁ ဦးအပါအဝင် အမျိုးသား ၄ ဦး အမျိုးသမီး ၄ ဦးတို့ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မာန်ဟဲကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရုံးကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ ပကဖ ရဲဘော် ၅ ဦးကျဆုံးခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။