သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မှော်ဘီမြို့ မဟာဝိဟာရကျောင်းတိုက်မှ ရက္ခိုင်ကိုယ်ရင်ငယ် ၂ ပါး ၄ လကြာ ပျောက်ဆုံးနေ

AB News -ဇန်နဝါရီ၂၉ ၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ရှိ မဟာဝိဟာရကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ရက္ခိုင်မှ ကိုယ်ရင်ငယ် ၂ ပါး ၄ လကြာပျောက်ဆုံးနေကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် ကိုရင်ငယ် ၂ ပါးမှာ တောင်ကုတ်မြို့နယ်၊ ငရုပ်တောင်ကျေးရွာမှ ရှင်ဝိမလ သက်တော် ၁၅ နှစ်နှင့် ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်း၊ စိုးမဲကျီကျေးရွာမှ ရှင်အင်္ကုရ သက်တော် ၁၀ နှစ်တို့ ဖြစ်သည်။

အဆိုပါကိုယ်ရင်ငယ် နှစ်ပါးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၈ ရက်နေ့ နံနက် ဆွမ်းစားပြီးချိန်တွင် မဟာဝိဟာရကျောင်းမှ ရွှေပြည်သာမြို့ရှိ ပညာဝေပုလ္လကျောင်းတွင် ရှိသည့် တောင်ကုတ်မှ ကိုရင်ငယ် ရှင်ဝိမလ၏ ဆရာဘုန်းတော်ကြီးထံသို့ ထွက်သွားပြီးနောက် အဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ရှင်အင်္ကုရ၏ အစ်ကိုတော်စပ်သူ အရှင်နန္ဒမာလမှ AB News သို့ ပြောသည်။

“ဦးဇင်းရဲ့ ညီအရင်းပါ။ ဦးဇင်းကို အပြင်ထွက်မယ်လို့လည်း ပြောမသွားဘူး။ ပျောက်သွားတာ ၄ လ ရှိပါပြီ။ တောင်ကုတ်မြို့ ကိုယ်ရင်က ခေါ်သွားတာ။ ဘာ အဆက်သွယ်မှလည်း မရဘူး။ ဦးဇင်းတို့ လိုက်ရှာဖွေတာလည်း နှံ့နေပြီ။ ဒီနေ့အချိန်ထိ ရှာမတွေ့သေးဘူး” ဟု ပြောသည်။

အဆိုပါ ကိုယ်ရင်နှစ်ပါးမှာ ရွှေပြည်သာမြို့နယ်ရှိ ပညာဝေပုလ္လကျောင်းတွင် ၂ ည အိပ်ကာ မှော်ဘီမြို့ရှိ မဟာဝိဟာရကျောင်းသို့ ပြန်အလာလမ်းတွင် လူဝတ်လဲ၍ ပျောက်ဆုံးသွားကြောင်း သိရသည်။

”ဦဇင်းညီက အသက်ငယ်သေးတယ်။ ဘာတစ်ခုမှလည်း မသိသေးဘူး။ ဦးဇင်း တကယ်စိတ်ပူမိတယ်။ တွေ့ရင် ဆက်သွယ်ပေးကြပါ” ဟု ၎င်းမှ ဆက်ပြောသည်။

အဆိုပါ ကိုယ်ရင် ၂ ပါးမှာ အသက်မပြည့်သေးသည့် ကိုယ်ရင်ငယ်များဖြစ်၍ ယနေ့အချိန်ထိ သတင်းအစအန မရဘဲ ပျောက်ဆုံးနေခြင်းအပေါ် အလွန်တရာစိတ်ပူနေရပြီး တွေ့ရှိပါက ဆက်သွယ်ပေးကြရန် ရှင်အင်္ကုရ၏ ညီအစ်ကိုတော်စပ်သူ အရှင်နန္ဒမာလ မှ အကူအညီ တောင်းခံထားသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ