
AB News – ဇန်နဝါရီ ၂၈၊ ၂၀၂၆
ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာကို စစ်ကော်မရှင်မှ အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့၊ နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က စစ်ကော်မရှင် တပ်စွဲထားသည့် တောကန်ကျေးရွာဘက်မှ အသေခံဒရုန်းဖြင့် လွှတ်တင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွမ်းတောင်ကျေးရွာမှ လူနေအိမ် (၂) ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တစ်လတည်းအတွင်း ရက္ခိုင်တွင် စစ်ကော်မရှင် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် စစ်သုံးပန်းမိသားစုဝင်များအပါအဝင် အရပ်သားပြည်သူ ၂၅ ဦးအထိ သေဆုံးခဲ့ရပြီး၊ ၃၇ ဦး အထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း AB News ၏ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။