သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်သုံ့ပန်းနှင့် အကျဥ်းသား ၅၀၀ ကျော် လွှတ်ပေးကြောင်း MNDAA ပြော



‎AB News – ဇန်နဝါရီ ၂၆၊ ၂၀၂၆
‎အောင်စိုး

‎စစ်သုံ့ပန်း နှင့် အကျဥ်းသား ၅၀၉ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ကိုးကန့်တပ် (MNDAA) ၏ ဇန်နဝါရီလ ၂၅ ရက် ယမန်နေ့ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

‎ပြစ်မှုသေးငယ်ပြီး နောင်တရကာ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ပြသနိုင်သူ အကျဥ်းသား ၉ ဦးအပါအဝင် ကောင်းမွန်စွာ ပြုမှုနေထိုင်ခဲ့သည့် စစ်သုံ့ပန်း ၅၀၀ ဦးကို လွတ်ငြိမ်းခွင့်ပေးကြောင်း ဆိုသည်။

‎သတ္တမအကြိမ်မြောက် တရုတ်ရိုးရာ “တာကျောင်” မဟာပူဇော်ပွဲ ကာလအတွင်း အထူးဒေသအုပ်ချုပ်ရေးအဖွဲ့၏ တရားဝင်ခွင့်ပြုချက်နှင့် တရားစီရင်ရေးအာဏာပိုင်များ၏ တင်းကြပ်သော စိစစ်မှုတို့ဖြင့် လွတ်ငြိမ်းခွင့်များ ပေးခဲ့ကြောင်း ပြောသည်။

‎ယင်းအပြင် အခြားအကျဥ်းသား ၄၉ ဦးတို့ကိုလည်း ဥပဒေနှင့်အညီ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ကြောင်း သိရသည်။

‎အဆိုပါလုပ်ဆောင်ချက်မှာ တရာဥပဒေစိုးမိုးမှု၏ အာဏာသက်ရောက်မှုနှင့် စနစ်၏တိကျခိုင်မာမှုကို ဖော်ပြသည့်အပြင် မူဝါဒပိုင်းဆိုင်ရာ စေတနာနှင့် လူမှုရေးစောင့်ရှောက်မှု ဖော်ပြကြောင်း MNDAA က ဆိုသည်။

‎လွတ်မြောက်လာသော လူပုဂ္ဂိုလ်များအနေဖြင့် အခွင့်အရေးကို တန်ဖိုးထားကာ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်လာစေရန် လမ်းညွှန်ပေးလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ